ကမ္ဘာတစ်ဝှမ်း ထောင်နဲ့ချီတဲ့ Instagram အသုံးပြုတွေ အသုံးပြုလို့မရတဲ့ ပြဿနာဖြစ်နေ

instagram

ကမ္ဘာတစ်ဝှမ်းရှိ ထောင်နဲ့ချီတဲ့ Instagram အသုံးပြုသူတွေဟာ ဗုဒ္ဓဟူးနေ့တုန်းက အသုံးပြုလို့မရတဲ့ ပြဿနာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြဿနာကို အချက်အလက် ပြတ်တောက်မှုတွေ စောင့်ကြည့်တဲ့ Downdetector.com က စတွေ့ခဲ့တာဖြစ်ပါတယ်။

Downdetector ရဲ့ ပြောပြချက်အရ အသုံးပြုသူပေါင်း ၄၆၀၀၀ ကျော်ဟာ Instagram အသုံးပြုလို့မရတဲ့ ပြဿနာကို report တင်ခဲ့ပြီး United State ကတော့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ Downdetector ကတော့ UK မှာ ၂၀၀၀ နှင့် အိန္ဒိယ နဲ့ သြစတေးလျတို့မှာ ၁၀၀၀ ကျော် ထိခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနက Meta ကို စုံစမ်းမေးမြန်းထားပေမယ့် Meta ကတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Exit mobile version