Instagram ရဲ့ Update အသစ်မှာ Story အတွက် Feature အသစ်များကို မိတ်ဆက်

မကြာသေးခင်ကပဲ Meta က Instagram ရဲ့ နောက်ဆုံးထွက် Update မှာ Story များအတွက် Feature အသစ်များကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Instagram ရဲ့ Stories မှာ Reveal, Frames, Add Yours Music ဆိုပြီး Feature Tools များထည့်သွင်းထားတာ ဖြစ်ပါတယ်။

Instagram ရဲ့ Update အသစ်မှာ Story အတွက် Feature အသစ်များကို မိတ်ဆက်

Instagram Sroties မှာ အသစ်ထပ်တိုးထားသော Sticker Icon ထဲက Reveal Feature နဲ့ ပုံတင်လို့ရှိရင် တင်ထားသော ဓာတ်ပုံမှာ မမြင်ရဘဲ ဝါးနေမှာဖြစ်ပါတယ်။ Viewer များက ပုံကိုကြည့်ချင်လို့ရှိရင် Story က Reveal မှာ direct message ပို့မှာ မြင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် Frames feature အသစ်က Story မှာပုံတင်တဲ့ အခါ Frame ပါတဲ့ ဓာတ်ပုံတစ်ခုကို အပိုတင်လို့ရမှာ ဖြစ်ပြီး အဆိုပါအပိုဓာတ်ပုံကို ကြည့်ချင်ပါက phone ကို လှုပ်ပြီး ဒါမှမဟုတ် အဆိုပါ Frame photo ကိုနေရာရွေ့ပေးလိုက်မှ ပုံပေါ်လာမှာဖြစ်ပါတယ်။ Polaroid camera နဲ့ရိုက်ထားသလို Feeling မျိုးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Add Yours Music Feature ကတော့ Story တင်တဲ့အခါမှာ Music template တစ်ခုပါ Share လို့ရမှာ ဖြစ်ပါတယ်။

Exit mobile version