Instagram ရဲ့ Co-founders များဟာ Artifact သတင်း App ကို ဖျက်သိမ်းတော့မည်

Instagram ရဲ့ Co-founders များဖြစ်ကြတဲ့ Kevin Systrom နဲ့ Mike Krieger တို့ ပူးပေါင်းတည်ထောင်ထားတဲ့ Artifact သတင်း App ကို ဖျက်သိမ်းတော့မှာ ဖြစ်ကြောင်း Co-founders များက တရားဝင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Artifact ကို တည်ထောင်ထားတာ ၁ နှစ်လောက်ပဲ ရှိသေးတာဖြစ်ပြီး ကုမ္ပဏီကို ဆက်လက်လည်ပတ်ရန် အဆင်မပြေတော့တာကြောင့် ပိတ်သိမ်းရတာ ဖြစ်ကြောင်း CEO Kevin Systrom က ပြောပါတယ်။ Artifact ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အကုန်လောက်မှာ လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာစေရန် AI ပါဝါနဲ့ အဆင့်မြှင့်တင်ခဲ့ပါတယ်။ သို့ပေမယ့် ကုမ္ပဏီက မျှော်မှန်းထားသလောက် တိုးတက်မှု မရလာတဲ့အတွက် အခုလို အခြေအနေထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Kevin Systrom ပြောပြထားမှုအရ ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး ဖျက်သိမ်းတော့မှာ ဖြစ်သလို ယခုလက်ရှိမှာလည်း အသုံးပြုသူများဟာ Post အသစ်များတင်ခြင်းနဲ့ Comment အသစ်များ ပေးခြင်းတို့ကိုလည်း ပြုလုပ်လို့ မရတော့ပါဘူး။ ဒါ့အပြင် ကုမ္ပဏီရှိ အရေးပါသူ (၈) ဦးတို့ဟာလည်း မတူညီတဲ့ လမ်းကြောင်းတို့ကို ခွဲထွက်တော့မှာ ဖြစ်ကြောင်းနဲ့ အခုလို AI ခေတ်မှာ အကြံဥာဏ်အသစ်များရဲ့ အခွင့်အရေးဟာ အကန့်အသတ်မရှိကြောင်းလည်း Kevin Systrom က ပြောထားပါသေးတယ်။

Exit mobile version