EU Region ကနေ တစ်လခန့် အပြင်ထွက်လိုက်တာနဲ့ Third-Party App Store ကို Update ပေးမှုအား ဖျက်တောက်မယ့် Apple

Apple ဟာ EU ရဲ့ Digital Markets Act အရ Third-Party App Store များကို အသုံးပြုခွင့် ပေးထားရပေမယ့် သင်ဟာ EU မှ ထွက်သွားပြီး ရက် ၃၀ ကြာသွားပါက Update ကို ရရှိတော့မှာ မဟုတ်ကြောင်း Apple က ကြေငြာလိုက်တာ ဖြစ်ပါတယ်။

ကနဦးတုန်းက EU မှ အပြင်ထွက်လိုက်တာနဲ့ Third-Party App Store ကို ပိတ်ပစ်မှာဖြစ်ကြောင်း သိရပေမယ့် အခုမှာတော့ ရက် ၃၀ ကြာမှ Update လုပ်ခွင့်ကို ပိိတ်ခံရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက Third-Party App Store နဲ့ ၎င်းမှတစ်ဆင့် Download လုပ်ထားတဲ့ Apps များဟာ EU ရဲ့ ပြင်ပမှာ ရက် ၃၀ ကြာသွားခဲ့ရင် အသုံးပြုခွင့်ရနေအုံးမှာ ဖြစ်ပေမယ့် Update ကိုတော့ မရနိုင်တော့ပါဘူး။ Update ပြန်လိုချင်ရင်တော့ EU ထဲသို့ ပြန်လည်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Apple ဟာ EU ရဲ့ Digital Markets Act ကြောင့် Third-Party App Store များရဲ့ ပြဿနာများကို ရင်ဆိုင်နေရသလို Epic Games ကဲ့သို့ ကုမ္ပဏီကြီး အပါအဝင် အခြားသော Platform များကလည်း ကိုယ်ပိုင် App Store များကို ဖန်တီးဖို့ ပြင်ဆင်နေကြကြောင်းလည်း သိရပါတယ်။

Exit mobile version