Android ဖုန်းတွေ အတွက် လုံခြုံရေး Feature အသစ် Identity Check

Google ဟာ Android ဖုန်း အသုံးပြုသူများရဲ့ လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့အတွက် Identity Check Feature ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Identity Check Feature ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဖုန်းခိုးခံရတဲ့ အချိန်မှာ အသုံးပြုသူရဲ့ အရေးကြီး အချက်အလက်များ လုံခြုံစေဖို့ Biometric Authentication လို့ ခေါ်တဲ့ လက်ဗွေ (သို့မဟုတ်) Face Scan နဲ့ ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ Google ရဲ့ ပြောပြမှုအရ Identity Check Feature ဟာ “Trusted Location” လို့ ခေါ်တဲ့ အသုံးပြုသူအတွက် လုံခြုံတဲ့နေရာများ (ဥပမာ – အိမ်) ကို သတ်မှတ်ထားနိုင်မှာ ဖြစ်ပြီး ၎င်းနေရာရဲ့ ပြင်ပကို ရောက်သွားတာနဲ့ အရေးကြီး အချက်အလက်များကို Biometric Authentication နဲ့ အလိုအလျှောက် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ဖုန်းကို Reset ချလိုက်တဲ့ အချိန်မှာ Identity Check Feature ဟာ ပျက်သွားမလား၊ မပျက်သွားဘူးလား ဆိုတာကိုတော့ Google က မပြောထားပါဘူး။ Identity Check Feature ကို Google Pixel နဲ့ Samsung Galaxy S25 Series တို့မှာ အရင်ဦးဆုံး အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှ Android ဖုန်းတွေ အားလုံးမှာ ဖြည်းဖြည်းခြင်း အသုံးပြု လာနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version