Apple ရဲ့ M3 Chip ဟာ ဘယ်လိုဖြစ်မလဲ?

Apple ဟာ မကြာတော့တဲ့အချိန်မှာ M2 Macs တွေကို မိတ်ဆက်ပေးမလို့ စီစဥ်နေတယ်ဆိုပေမယ့် M3 Chip ကို စမ်းသပ်နေတာလည်း မရပ်တန့်ထားဘူးလို့ သိရပါတယ်။

ဒီနွေရာသီထဲမှာ M2 နဲ့ ပြုလုပ်ထားတဲ့ Macbook Air ၊ Apple Silicon Mac pro နဲ့ အခြားသော M2 ကို အခြေခံထားတဲ့ စက်တွေကို မိတ်ဆက်ပေးမှာ ဖြစ်သလို M3 Chip ကိုလည်း ဖန်တီးထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ M3 ကို Software ပိုင်းဆိုင်ရာတွေမှာ Third-Party Software တွေနဲ့ ကိုက်ညီမှုရှိစေဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။

Apple ရဲ့ M3 Chip မှာ 12 CPU Cores ပါဝင်မှာ ဖြစ်ပြီး 6 Cores က High-Performance အတွက်ဖြစ်ပြီး နောက်ထပ် 6 Cores ကတော့ သာမာန် အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဆိုလိုတာက သာမာန်အလုပ်တွေလုပ်နေတဲ့ အချိန်မှာ ပါဝါစားနည်းတဲ့ 6 Cores ကအလုပ်လုပ်ပေးမှာဖြစ်ပြီး High-Performance အလုပ်တွေကို လုပ်တဲ့အချိန်မှာတော့ ပါဝါစားများတဲ့ High-Performance 6 Cores က အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Graphic အပိုင်းမှာကတော့ 18 Graphics Cores ပါဝင်မှာဖြစ်ပြီး Memory ကတော့ 36GB ကိုအသုံးပြုပေးထားတယ်လို့ သိရပါတယ်။ M2 နဲ့ ယှဥ်ကြည့်မ​ယ်ဆိုရင် M3 ဟာ အရာအားလုံး ၂ခု စာ ပိုများနေတာတွေ့ရပါတယ်။ CPU မှာ 2 Cores ပိုလာသလို Graphic မှာလည်း 2 Cores ပိုလာမယ့်အပြင် Memory မှာလည်း 4GB ပိုသွားတာကို တွေ့ရမှာပါ။ အားလုံးသိတဲ့အတိုင်း M3 Ultra ကတော့ M3 ရဲ့ ၂ဆ ဖြစ်လာပါလိမ့်မယ်။

ခန့်မှန်းထားချက်အရ M3 ကို ဒီနှစ်အကုန်မဟုတ်ရင် နောက်နှစ်အကုန်လောက်မှာ မိတ်ဆက်ပေးနိုင်ပြီး M3 ကို အခြေခံထားတဲ့ iMac ကို အဓိကထား မိတ်ဆက်ပေးနိုင်သလို၊ High-End နဲ့ Low-End Macbook Pro ၊ Macbook Air တို့ကိုလည်း မိတ်ဆက်ပေးသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Exit mobile version