Hacker များက SVG Image ကို အသုံးပြု၍ Qbot Malware အား Windows OS အတွင်းသို့ ထည့်သွင်းနိုင်

Hacker များက Based 64 encoded စနစ်ဖြင့် Qbot Malware တစ်မျိုးကို SVG ဓာတ်ပုံများထဲတွင် ထည့်သွင်း၍ Windows OS သုံးထားသည့် ကွန်ပြူတာစနစ်များအား နှောက်ယှက်နိုင်ကြောင်း Cisco Talos researcher များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

SVG Image ဆိုသည်မှာ Web ပေါ်တွင် အသုံးပြုဖော်ပြနိုင်သော ပုံရိပ်အမျိုးအစားတစ်ခုဖြစ်ပြီး HTML နှင့် JavaScript Code များဖြင့် Vector Image အဖြစ် ဖော်ပြနိုင်သည့် Image Format အမျိုးအစားတစ်ခု ဖြစ်သည်။ Cisco Talos သုတေသနအဖွဲ့၏ အဆိုအရ အန္တရာယ်ရှိသော ကုဒ်များဖြင့် ရေးသားထားသည့် SVG Image သည် Windows OS ပေါ်တွင် အလုပ်လုပ်နိုင်ပြီး အဆိုပါ Qbot Malware သည် အခြားသော Malware program ကိုပါ အလိုအလျောက်ဒေါင်းလုပ်လုပ်ခြင်းနှင့် install လုပ်ခြင်းတို့ကိုပါ လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

Hacker များက Qbot Malware ပါရှိသည့် SVG Image ဖိုင်အား အီးမေးလ်များဖြင့် ပို့လေ့ရှိကြပြီး SVG Image အား ဖွင့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် Malware program များပါ တစ်ခါထဲ ဒေါင်းလုပ်ဆွဲ၍ install လုပ်သွားမည်ဖြစ်သည်။ ဤအားနည်းချက်သည် Windows OS ပေါ်တွင်သာ ဖြစ်ပွားမည်ဖြစ်ပြီး MacOS နှင့် Linux OS ကဲ့သို့သော OS များအပေါ်တွင် Qbot Malware သည် အလုပ်လုပ်မည် မဟုတ်ပေ။

ဒါကြောင့် မိမိတို့ရဲ့ Windows ကို antivirus program များအမြဲ update လုပ်ခြင်း၊ Email မှ Image ဖိုင်များအား စစ်ဆေးရာတွင် သတိပြုရန် အထူးလိုအပ်မည် ဖြစ်သည်။

Exit mobile version