Hacker များဟာ AI Chatbot တွေကို အသုံးပြုကာ Malware များ ဖန်တီးနေကြောင်း FBI သတိပေး

Hacker များဟာ ChatGPT လိုမျိုး AI Chatbot တွေကိုအသုံးပြုကာ Malware များ ဖန်တီးမှုကို အဆင့်မြှင့်တင်နေကြောင်း FBI က အသိပေး ပြောကြားခဲ့ပါတယ်။

FBI ဟာ သူ့ရဲ့ စိုးရိမ်မှုများကို ဂျာနယ်သမားများစီသို့ ဖုန်းခေါ်ဆိုကာ အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရပါတယ်။ FBI က AI Chatbot များဟာ တရားမဝင်သော လုပ်ဆောင်မှု အမျိုးမျိုးကို လှုံ့ဆော်ပေးနိုင်ကြောင်း၊ Scammer များနဲ့ လိမ်လည်သူများဟာ အကြမ်းဖက်သမားသို့ ၎င်းတို့ရဲ့ နည်းပညာကိုပေးပြီး ဓာတုဗေဒဆိုင်ရာ တိုက်ခိုက်မှုများကို ပိုမိုပျင်းထန်လာအောင် ဖန်တီးနေကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကောင်းတဲ့ လူများဟာ AI ကို သူတို့ရဲ့ ပုံမှန်လုပ်နေကြ ပြစ်မှုဆိုင်ရာကိစ္စများမှာ အသုံးပြုနေကြပြီး AI Voice Generators နဲ့လည်း အသံအတုများပြုလုပ်ကာ ချစ်သူများနှင့် အသက်အရွယ်ကြီးသူများကို လိမ်လည်မှုများလည်း ရှိနေပါသေးတယ်။ AI Tools တွေကို အခုလိုမျိုး Hacker များ အသုံးပြုခြင်းဟာ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း Hacker များဟာ AI ကို အသုံးပြုကာ အန္တာရယ်များတဲ့ Malware တစ်ခုကို ဖန်တီးခဲ့ပြီး Hacker များအားလုံးရဲ့ လက်ထဲရောက်လုနီးပါးအချိန်တွင် Checkpoint လုံခြုံရေးကုမ္ပဏီမှ သိပ္ပံပညာရှင်များက ရှာဖွေနိုင်ခဲ့တာကြောင့် ၎င်းအန္တာရယ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

Bitdefender ကုမ္ပဏီမှ နည်းပညာဆိုင်ရာ ဖြေရှင်းရေး ဒါရိုက်တာဖြစ်သူ Martin Zugec က “Malware တွေကို အခုမှ စတင်ရေးသူများဟာ AI ရဲ့ အကူအညီကြောင့် ဘာ Skills တစ်ခုမှမလိုအပ်ပဲ Anti-Malware အကာကွယ်တွေကို ဖြတ်ကျော်နိုင်တယ်” လို့ ရှင်းပြထားပါတယ်။ အခုလိုမျိုး FBI ဘက်က ထုတ်ပြောလာသည်အထိ အန္တရာယ်တွေရှိလာနေပေမယ့် ChatGPT ကို ဖန်တီးထားတဲ့ OpenAI ကုမ္ပဏီကတော့ ၎င်းတို့ရဲ့ AI ကို ခိုးကူးမှုအား ထိန်းချုပ်ခြင်းကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ တကယ်လို့ FBI သာ မှန်ကန်ခဲ့မယ်ဆိုရင် အနာဂတ်မှာ Hacker များရဲ့ AI နဲ့ ဖန်တီးထားတဲ့ Malware တွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ချေရှိနေပြီ ဖြစ်ပါတယ်။

Exit mobile version