Hacker များက Twitter User အချက်အလက်များကို Hack ပြီး Elon Musk အား ငွေညှစ်

Hacker အဖွဲ့ တစ်ဖွဲ့မှ Twitter ရဲ့ အားနည်းချက်ကို အသုံးပြုပြီး Twitter အသုံးပြုသူ ၄၀၀မီလီယံရဲ့ အချက်အလက်များကို ခိုးယူပြီးနောက် Elon Musk အား ငွေညှစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Hacker များ ခိုးယူခဲ့တဲ့ အချက်အလက်တွေထဲမှာ အမေရိကန်ရဲ့ နာမည်ကြီး နိုင်ငံရေး ပုဂ္ဂိုလ်များ၏ အချက်အလက်တွေအပြင် Google CEO Sundar Pichai ရဲ့ အချက်အလက်တွေ ပါတယ်လို့ သိရပါတယ်။ Hacker များက ထိုအချက်အလက်များကို Twitter ပိုင်ရှင်ဖြစ်တဲ့ Elon Musk အား ၎င်းတို့ထံမှ ဝယ်ယူဖို့ရန် ခြိန်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Twitter အသုံးပြုသူ ၄၀၀ မီလီယံရဲ့ Data တွေ ခိုးယူခြင်း ခံလိုက်ရတာကို ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်တဲ့ Hudson Rock မှ စတင်သိရှိခဲ့ပြီး User တွေရဲ့ အီးမေးလ်၊ ဖုန်းနံပါတ် အစရှိတဲ့ ကိုယ်ပိုင် အချက်အလက်တွေ ခိုးယူခြင်းခံလိုက် ရပါတယ်။ ထိုအချက်အလက်တွေကို GDRP(General Data Protection Regulation) ဒဏ်ငွေ အနေဖြင့် ဒေါ်လာ ၅.၄ မီလီယံကျော် ပေးပြီး Elon Musk က ပြန်ဝယ်ရမှာဖြစ်ပြီး မဝယ်ရင်တော့ ၄၀၀ မီလီယံ လူတွေရဲ့ Data တွေအတွက် GDRP(General Data Protection Regulation) ဒဏ်ငွေ ဒေါ်လာ ၂၇၆ မီလီယံ ပေးဆောင်ရမှာ ဖြစ်တယ်လို့ Hacker များက ငွေညှစ်ခဲ့ကြောင်း သိရပါတယ်။ Twitter ကတော့ ၎င်းအမှုဟာ Global အဆင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Twitter Social Media Platform ကို Elon Musk မှ အောက်တိုဘာလမှာ ဒေါ်လာ ၄၄ ဘီလီယံ ပေးဝယ်ခဲ့ပြီး နောက်ပိုင်း Twitter ဟာ ကုမ္ပဏီမှ ဝန်ထမ်းများ အလုပ်ထွက်ခြင်း၊ အရေးကြီးတဲ့ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲခြင်း အစရှိတဲ့ ဆိုးဝါးသော နေ့ရက်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ ယခုလို့ Data ခိုးယူခံရတာ Twitter အတွက် ပထမဦးဆုံး အကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ တုန်းကလည်း အသုံးပြုသူ ၅.၄ မီလီယံရဲ့ Data တွေကို online ပေါ်မှာ ရောင်းချခြင်း ခံခဲ့ရပါသေးတယ်။

Exit mobile version