အခွန်နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် AI Chatbot ကို မိတ်ဆက်လိုက်တဲ့ H&R Block ကုမ္ပဏီ

အမေရိကန်အခြေစိုက် အခွန်နဲ့ပတ်သတ်တဲ့ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီး H&R Block ဟာ အခွန်နဲ့ ပတ်သက်တဲ့ မေးခွန်းများကို ဖြေကြားပေးနိုင်မယ့် ကိုယ်ပိုင် AI Chatbot တစ်ခုကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

H&R Block ရဲ့ စားသုံးသူများ၏ ထုတ်ကုန်များဆိုင်ရာ အခွန်ဝန်ဆောင်မှု ဒုဥက္ကဌ Chris Linderwell ရဲ့ ပြောပြမှုအရ သူတို့ရဲ့ AI Chatbot ဟာ OpenAI နဲ့ Microsoft တို့ရဲ့ AI Model ကို အသုံးပြုကာ တည်ဆောက်ထားပြီး အခွန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အထူးလေ့ကျင့်ပေးထားတဲ့ AI Chatbot တစ်ခု ဖြစ်ကြောင်း သိရပါတယ်။ အသုံးပြုသူများဟာ AI Chatbot မှာ အခွန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင်တစ်ဦးအား မေးသလို လုံခြုံစိတ်ချရစွာ မေးမြန်းနိုင်ပြီ ဖြစ်သော်လည်း တစ်ခုခုဆိုရင် Google ကို ဘာကြောင့်သွားမေးနေလဲဆိုတာ စဥ်းစားလို့မရဘူးလို့ Chris Linderwell က ပြောပါတယ်။

H&R Block ရဲ့ AI Chatbot မှာ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး တိုက်ရိုက်မေးမြန်နိုင်သလို အခွန်ဖြည့်သွင်းရာမှာ ရေးရမယ့် အကြောင်းအရာများနဲ့ အခြားသော အခွန်နဲ့ ပတ်သက်တဲ့ မေးခွန်းများကို ယုံကြည်စိတ်ချရစွာ မေးမြန်းနိုင်တဲ့ AI တစ်ခု ဖြစ်ကြောင်း ကုမ္ပဏီက ပြောပြထားပါတယ်။ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကိုလည်း AI Chatbot ကို မေးမြန်းနိုင်မှာဖြစ်ပြီး စိတ်မချပါက ကုမ္ပဏီရဲ့ ကျွမ်းကျင်အခွန်ပညာရှင်နဲ့ ဖုန်းမှတစ်ဆင့် တိုက်ရိုက် ဆွေးနွေးနိုင်ကြောင်းလည်း သိရပါတယ်။

H&R Block ရဲ့ AI ဟာ အခုမှအစဖြစ်လို့ တချို့သော မှားယွင်းမှု အနည်းငယ်ရှိနိုင်သေးတာကြောင့် ကိုယ်တိုင်ပြန်လည် စစ်ဆေးသင့်ကြောင်းနဲ့ အခုအချိန်ထိ ဘယ် AI Chatbot မှ ရာနှုန်းပြည့် မမှန်သေးကြောင်း Chris Linderwell က သတိပေးထားပါသေးတယ်။ H&R Block ရဲ့ အခွန်ဝန်ဆောင်မှု AI Chatbot ကို အသုံးပြုချင်ရင် တစ်လကို ၃၅ ဒေါ်လာ ကျသင့်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version