ဒီနွေရာသီမှာ GPT-5 ထွက်လာနိုင်ချေရှိ

OpenAI ဟာ GPT-4 ကို မိတ်ဆက်ပေးခဲ့တာ တစ်နှစ်လောက် ကြာခဲ့ပြီဖြစ်ကာ စတင်မိတ်ဆက်ကတည်းက AI လောကမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ AI Chatbot တစ်ခု ဖြစ်ခဲ့ပါတယ်။

မကြာမီလာတော့မယ့် နွေရာသီထဲမှာ OpenAI ရဲ့ GPT-4 ထက် ပိုမိုကောင်းမွန်တဲ့ GPT-5 ကို ထပ်မံ မိတ်ဆက်ပေးတော့မှာ ဖြစ်ကြောင်း သတင်းများ ထွက်ရှိနေပါတယ်။ ၎င်းသတင်းများ ထွက်ရှိလာတာဟာ OpeanAI နဲ့ နီးကပ်ရှိနေတဲ့ ကုမ္ပဏီများမှ ထွက်ရှိလာတာ ဖြစ်တာကြောင့် ဖြစ်နိုင်ချေ ရှိနေပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး  Business Insider မှ OpenAI ရဲ့ CEO Sam Altman အား မေးမြန်းထားရာမှာတော့ GPT-5 ကို မိတ်ဆက်မယ်ဆိုတဲ့ အကြောင်းကို သူမသိကြောင်း၊ သို့ပေမယ့် GPT-5 ထက် ပိုမိုအရေးကြီးတဲ့ အရာတွေကို ဒီနှစ်ထဲမှာ မိတ်ဆက်ပေးသွားဖို့ရှိကြောင်းနဲ့ ၎င်းနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ဘယ်လိုနာမည်ပေးရမလဲဆိုတာ အခုအချိန်အထိ မသိသေးကြောင်း Altman က ပြန်လည် ဖြေကြားထားပါတယ်။

ထွက်ရှိနေတဲ့ သတင်းများနဲ့ Altman ရဲ့ ပြန်လည်ဖြေကြားချက်များအရ ဒီနှစ်အလည်လောက်မှာ GPT-5 ကို မိတ်ဆက်တော့မှာ ဖြစ်ကြောင်း သတင်းမီဒီယာ အများအပြားက သုံးသပ်နေကြတာ တွေ့ရပါတယ်။ သေချာတာက ဒီနှစ် နွေရာသီထဲမှာ OpenAI က ပိုမိုထူးခြားတဲ့ အရာတွေကို ယူဆောင်လာတော့မှာ ဖြစ်ပြီး ၎င်းဟာ AI လောကကို ဘယ်လောက်အထိ ရိုက်ခက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Exit mobile version