Google က AI အသုံးပြုမှုအား သတိထားရန် ဝန်ထမ်းများကို ပြောကြား

Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ဟာ သူ့ဝန်ထမ်းတွေကို AI အသုံးပြုမှုနဲ့ ပတ်သက်ပြီး သတိထားရန် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

AI ကို ကိုယ်တိုင်ဖန်တီးကာ အဆင့်မြှင့်တင်မှုတွေလုပ်နေတဲ့ Google ကုမ္ပဏီရှိ ဝန်ထမ်းတွေကို လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ AI အသုံးပြုမှုနဲ့ ပတ်သက်ပြီး သတိထားရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။ အကြောင်းအရင်းကတော့ AI ကို အသုံးပြုခြင်းကြောင့် ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါဟာ Google ရဲ့ Bard AI သာမကပဲ ChatGPT နဲ့ Bing တို့ကို အသုံးပြုရင်လည်း ဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ AI ကို တည်ဆောက်တဲ့ Large Language Model ရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပါတယ်။

Google က AI ရဲ့ အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး Chatbot မှာ ကျွန်တော်တို့ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေဟာ ပျောက်သွားမှာမဟုတ်ပဲ အနည်းဆုံး ၃နှစ်အထိ ထိန်းသိမ်းထားကြောင်း ရှင်းပြထားပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့ အချက်အလက်တွေကို Chatbot ထဲမှာ ထည့်သွင်းထားတာဟာ အန္တာရယ်များတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ChatGPT ကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ မူဝါဒများနဲ့အညီ လုံခြုံမှုရှိစေရန် အဆင့်မြှင့်တင်ဖို့ ကြိုးစားနေကြောင်း ပြောကြားထားပါတယ်။

Exit mobile version