Google က အကောင့်လုံခြုံရေးအတွက် Passkey စနစ်ကို အသုံးပြုရန် စီစဥ်နေ

Google က အကောင့်များလုံခြုံရေးအတွက် Passkey စနစ်ကို ထည့်သွင်းပေးမလို့ ကြိုးစားနေကြောင်း သိရပါတယ်။

Passkey စနစ်ဆိုတာက မိမိဖုန်းမှာ ရှိနေတဲ့ Fingerprint သို့မဟုတ် FaceID စနစ်ကို ယူပြီး အကောင့်ကို Login ဝင်ခိုင်းတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့်အသုံးပြုသူများဟာ Username နဲ့ Password ကို ရိုက်နေစရာမလိုတော့ပဲ Fingerprint သို့မဟုတ် FaceID သုံးပြီး Accounts တွေကို Login ဝင်နိုင်မှာ ဖြစ်ပါတယ်။

Nordpass Digital Security ကုမ္ပဏီက Patricija Cerniauskaite ပြောပြမှုအရ Passkey စနစ်ဟာ သာမန် Password ရိုက်ထည့်တဲ့စနစ်ထပ် ပိုပြီလုံခြုံမှုရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ရဲ့ Password ကို ခန့်မှန်းမရအောင် ဘယ်လောက်ပဲ ခက်အောင်ပေးထားပါစေ Password ကို ဖုန်းရဲ့ တစ်နေရာရာ၊ Computer ရဲ့ တစ်နေရာရာတို့မှာ သိမ်းထားရင် Hacker တွေက ရှာဖွေနိုင်သေးတာကြောင့် အပြည့်အဝလုံခြုံမှု မရှိသေးပါဘူး။

Nordpass ကုမ္ပဏီရဲ့ ထုတ်ပြန်ထားချက်အရ ကမ္ဘာတစ်ဝှမ်းရှိ Password တွေရဲ့ ၈၃ရာနှုန်းဟာ အရမ်းလွယ်ကူတာကြောင့် တစ်စက္ကန့်မပြည့်မှီမှာပဲ Hacker များက ခိုးယူနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ အသုံးအများဆုံး Password စာရင်းထဲက ဒုတိယနေရာမှာ “123456” ရှိနေပြီး အရမ်းရိုးရှင်းတဲ့ “password” ကတော့ တတိယနေရာမှာ ရှိနေကြောင်း Nordpass ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Google Passkey Login

Passkey စနစ်ကတော့ ဖုန်းကတစ်ဆင့် အသုံးပြုသူဟာ သင်ဖြစ်ကြောင်းကို ထောက်ခံပေးပြီးတော့ သင့်ရဲ့ Password ကို ဖုန်းကအလိုအလျှောက်သုံးကာ Login ဝင်စေမှာဖြစ်လို့ ကြားမှာ Password ရိုက်ထည့်ရတဲ့အဆင့် မရှိပဲ အသုံးပြုနိုင်တာကြောင့် ပုံတူ Login Page လုပ်ပြီး Password ကို တောင်းတဲ့ Hacker တွေရဲ့ အန္တာရယ်မှ ကာကွယ်ပြီးသားဖြစ်လို့ ပိုပြီးလုံခြုံမှုရှိပါတယ်။

Passkey စနစ်ဟာ သင့်အကောင့်မှာ အလိုအလျှောက် အသက်ဝင်မှာမဟုတ်ပဲ သင်ကိုယ်တိုင် Setting ထဲမှာ သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Passkey စနစ်ကို ထည့်ပေးလိုက်ပြီဖြစ်ပေမယ့် အစပဲရှိသေးတာကြောင့် နေရာတိုင်းမှာ အသုံးပြုလို့မရသေးဘူးလို့ Google က ပြောထားပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အကောင့်လုံးခြုံရေးလည်း ပိုကောင်းသလို အလုပ်ရှုပ်လည်း သက်သာစေမှာဖြစ်လို့ Passkey စနစ်ကို အသုံးပြုဖို့ အကြံပေးလိုက်ပါတယ်။

Exit mobile version