Google ရဲ့ AI power နဲ့ Ask Photos ကို မကြာမီ အသုံးပြုနိုင်တော့မည်

Google ရဲ့ ကြေငြာချက်အရ ပြီးခဲ့တဲ့ I/O ပွဲမှာ မိတ်ဆက်ပေးခဲ့တဲ့ Ask Photos လို့ ခေါ်တဲ့ AI Features အသစ်ကို နောက်လထဲမှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Ask Photos ဟာ Gemini နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး Google Photos မှာ အသုံးပြုနိုင်မယ့် AI Features အသစ် ဖြစ်ပါတယ်။ Ask Photos ကြောင့် ကျွန်တော်တို့ လိုချင်တဲ့ ဓာတ်ပုံကို လိုက်ရှာနေစရာ မလိုတော့ပဲ ၎င်းဓာတ်ပုံကို ရိုက်ခဲ့တဲ့ တည်နေရာ သို့မဟုတ် ဓာတ်ပုံထဲရှိ အချက်အလက် တချို့ကို Search မှာ ရိုက်ထည့်လိုက်ရုံနဲ့ ဓာတ်ပုံကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေရာထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံများထဲမှ အကောင်းဆုံး ဓာတ်ပုံကို ရွေးခိုင်းတာမျိုး အစရှိတဲ့ အရာများကို စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ Google Photos မှာ ပါဝင်နေပြီးသားဖြစ်တဲ့ Classic Search ကိုပဲ အဆင့်မြှင့်ထားတာကြောင့် လုပ်ဆောင်ချက်ချင်း တူညီတယ် ဆိုပေမယ့် Classic Search ထက်ပိုပြီး အသုံးဝင်မှာ ဖြစ်ကြောင်း Google က ပြောထားပါတယ်။ အစပိုင်းမှာတော့ Ask Photos ကို အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်းနဲ့သာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားသော ဘာသာစကားများနဲ့ပါ အသုံးပြုနိုင်အောင် စီစဥ်ထားကြောင်းလည်း သိရပါတယ်။

Exit mobile version