ကြော်ငြာများနဲ့ ပတ်သက်သော Third-Party Cookies များကို Ban နိုင်တဲ့ Feature အသစ်ကို Google မှ စမ်းသပ်

ဒီဇင်ဘာလ (၁၄) ရက်နေ့တုန်းက Google ရဲ့ မိခင်ကုမ္ပဏီ Alphabet မှ ကြော်ငြာများနဲ့ ပတ်သက်ပြီး Third-Party Cookies များအား Ban မယ့် Feature အသစ်ကို Google Chrome တွင် စမ်းသပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Search ကုမ္ပဏီကြီးရဲ့ ပြောပြမှုအရ တစ်ကမ္ဘာလုံးရှိ Chrome အသုံးပြုသူ ၁ မှ ၄ ရာနှုန်းအထိဟာ Tracking Protection လို့ ခေါ်တဲ့ Tracking လိုက်ခြင်းကို ပိတ်ထားတာကြောင့် နောက်လာမယ့် ၂၀၂၄ ခုနှစ် အလည်လောက်မှာ Third-Party Cookies များကို Ban ဖို့ရန် စီစဥ်နေကြောင်း သိရပါတယ်။ Cookies ဆိုတာဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ Web အသုံးပြုမှု အလေ့အကျင့်များကို ခြေရာခံကာ Website ပိုင်ရှင်များနှင့် ကြော်ငြာပိုင်ရှင်များထံသို့ အချက်အလက်များ ပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အဓိက ဝင်ငွေဟာ ကြော်ငြာလုပ်ငန်းဖြစ်တာကြောင့် ကုမ္ပဏီအပါအဝင် အသုံးပြုသူများရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းနိုင်ဖို့အတွက် အခုလိုလုပ်ရတာဖြစ်ကြောင်း Google ရဲ့ ပြောပြမှုအရ သိရပါတယ်။ ပြည်သူလူထုများရဲ့ အကျိုးစီးပွားကို စောင့်ကြည့်နေတဲ့ Watchdog ကလည်း Google ရဲ့ လုပ်ရပ်ဟာ Digital ကြော်ငြာစီးပွားရေး ယှဥ်ပြိုင်မှုကို တားဆီးသွားနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာကြောင့် UK ရဲ့ ဈေးကွက်ယှဥ်ပြိုင်ရေးဆိုင်ရာ အာဏာပိုင်များ (CMA) မှ Google ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

Exit mobile version