Google က Stadia ကို အနားယူတော့မည်

Stadia ၏ ဇာတ်သိမ်းခန်း

ဒီသတင်းဟာ Stadia ကို အသုံးပြုနေတဲ့ Gamer များအတွက် ဝမ်းနည်းစရာ သတင်းပဲဖြစ်ပါတယ်။ Google ဟာ Stadia ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရပ်နားတော့မှာပါ။

လွန်ခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလ ကတည်းက Stadia ကို ရပ်နားမှာဖြစ်ကြောင်း Google က ပြောထားတာဟာ ယခုတော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီး။ အကယ်၍ သင်ဟာ Stadia ကို ဆက်လက်အသုံးပြုချင်သေးတယ် ဆိုရင်တော့ ဇန်နဝါရီလ ၁၈ ရက် မတိုင်မှီမှာ Stadia ရဲ့ Data တွေကို Download လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

Google Services ရှိ Data များကို Google Takeout အသုံးပြုပြီး Download လုပ်နိုင်ပါတယ်။ ထို့ကြောင့် Stadia ရှိ Data တွေကိုလည်း Google Takeout အသုံးပြုပြီး Download ပြုလုပ်နိုင်ပါတယ်။ Download ပြုလုပ်မည့် နည်းလမ်းကိုတော့ 9to5Google မှာ ဝင်ကြည့်နိုင်ပါတယ်။ Stadia ရဲ့ Game တွေကို ဆက်ပြီး ဆော့ချင်သေးတယ်ဆိုရင်တော့ ယခုပဲ Download လုပ်လိုက်ဖို့ အကြံပြုပါရစေ။

Exit mobile version