Google က သတင်းပေါက်ကြားသွားတဲ့ Pixel Fold Design ကို တရားဝင်ပြသ

ပြီးခဲ့တဲ့ လက Google Pixel ရဲ့ Pixel Fold Design ပုံတွေ ပေါက်ကြားသွားပြီးတဲဲ့နောက် Google က Pixel Fold Design ကို တရားဝင်ပြသခဲ့ ပါတယ်။ Company က နောက်လတွင် ပြုလုပ်မယ့် Google I/O မှာ Pixel Fold ကို မပြသမှီ Google ရဲ့ Twitter နဲ့ YouTube အကောင့်တို့မှာ ၎င်းရဲ့ Pixel Fold Design ကိုတရားဝင် ပြသခဲ့ပါတယ်။ အဆိုပါ Design က Samsung ရဲ့ Galaxy Fold ပုံစုံနဲ့ ဆင်တူပြီး Tablet ပုံစံ အပိတ်အဖွင့်လုပ်လို့ ရမှာ ဖြစ်ပါတယ်။ External Screen က 5.8 လက်မ ရှိမှာ ဖြစ်ပြီး Internal Display ကတော့ 7.6 လက်မ ရှိမှာဖြစ်ပါတယ်။

Google Pixel Fold ရဲ့ တရားဝင် ထွက်ရှိမယ့် Design.

Pixel Fold ရဲ့ စျေးနှုန်းကို တရားဝင် မသိသေးပေမယ့် $1,700 နဲ့ ဇွန်လ အစပိုင်းတွင် ရောင်းချနိုင်ခြေရှိတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ၎င်းကို Google ရဲ့ Tensor G2 chipset အသုံးပြူထားတယ်လို့ သိရှိရပြီး ပုံမှန် အသုံးပြုမယ်ဆိုရင် Battery life Times 24 hours ခံမှာ ဖြစ်ပြီး Extreme Battery Saver mode ကိုဖွင့်ထားမယ်ဆိုရင်တော့ 72 hours ခံမယ်လို့လဲ သိရှိရပါတယ်။ Google Pixel Fold ရဲ့ အသေးစိတ် အချက်အလက်တွေကို တော့ မေလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် Google I/O မှာ ပြောကြားသွားမယ်လို့လဲ သိရှိရပါတယ်။

Exit mobile version