Google ရဲ့ Windows PCs နဲ့ Android တွေအတွက် Beta Nearby Share App

Google က Windows PC နဲ့ Andriod Device တွေကြား ဖိုင်များအလွယ်တကူ လွှဲပြောင်းနိုင်မယ့် Beta Nearby Share ဆိုတဲ့ Application တစ်ခုကို April လ ၁ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ 2022 Consumer Electronics Show(CES) တွင် Google က Windows ecosystem နဲ့ ပိုမို ကောင်းမွန်တဲ့ ချိန်ဆက်မှုတွေ ဆက်ပြီးလုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Nearby Share App

Google က Windows တွေအတွက် Nearby Share App တစ်ခုကို ချပြခဲ့ပါတယ်။ ARM processor များမထည့်သွင်းထားတဲ့ Windows 10 နှင့် အထက် 64-bit version အသုံးပြုထားတဲ့ Windows Device တွေမှာ စတင်အသုံးပြုလို့ ရနေပြီးဖြစ်ပါတယ်။ တစ်ခြား Nearby Share app များအတိုင်း မိမိ PC ရဲ့ WiFi နဲ့ Bluetooth ဖွင့်ထားပြီး Android Device များနဲ့ လွယ်ကူလျှင်မြန်စွာ Files များကို လွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။

Google ရဲ့ Nearby Share Application ကို ယခုအခါ နိုင်ငံတော်တော်များများ စတင်အသုံးပြုလို့ ရနေပြီး တစ်ချို့ နိုင်ငံတွေမှာတော့ အသုံးပြုလို့ မရသေးကြောင်းသိရှိရပါတယ်။

Exit mobile version