Google Pixel ရဲ့ ခေါက်ဖုန်းကို အမှန်တကယ်မြင်ရတော့မလား?

Google Pixel မှာ ခေါက်လို့ရတဲ့ဖုန်း ထုတ်လုပ်ထားတာ ယခုအချိန်ထိမရှိသေးပေမယ့် Pixel ဟာ ခေါက်ဖုန်းကို ဖန်တီးနေတယ်ဆိုတာတော့ ရာနှုန်းပြည့်နီးပါး ယုံကြည်လို့ ရပါတယ်။

မသိသေးတဲ့ ဖုန်းသတင်းတွေကို ထုတ်ဖော်ပေးတဲ့လူလည်းဖြစ်သလို Developer တစ်ယောက်လည်းဖြစ်တဲ့ Kuba Wojciechowski ဟာ ပုံထဲမှာ မြင်နေရတဲ့ ခေါက်ဖုန်းကို ဒါဟာ Google Pixel Fold ဖြစ်တယ်လို့ ပြောထားကြောင်း သိရပါတယ်။ The Verge ကတော့ ဒီသတင်းဟာ Kuba Wojciechowski ထုတ်ပြန်ထားတာဖြစ်လို့ ယုံကြည်နိုင်ပေမယ့် ပုံကတော့ လွန်ခဲ့တဲ့ ၁လ လောက်က ထွက်ပေါ်ခဲ့တဲ့ ပုံဖြစ်ကြောင်း ပြောပြထားပါတယ်။

ပုံထဲမှာမြင်ရတဲ့အတိုင်း အဆိုပါ Google Pixel Fold ဖြစ်နိုင်တယ်လို့ ပြောတဲ့ဖုန်းဟာ Logo လည်းမပါသလို Google ဖုန်းတွေမှာ ထင်ရှားတဲ့ Camera ဘားတန်းကြီးလည်း မပါတာ တွေ့ရပါတယ်။ CNBC သတင်းမှာ ဖော်ပြထားချက်အရ မေလ ၁၀ ရက်နေ့တွင် ကျင်းပမယ့် Google I/O ပွဲမှာ Pixel Fold ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး $1,700 လောက်ကျသင့်နိုင်တယ်လို့ သိရပါတယ်။ ဖုန်းကိုခေါက်ထားတဲ့အနေအထားမှာ ၅.၈ လက်မ screen size ရှိပြီး tablet အနေအထားမှာတော့ ၇.၆ လက်မ ရှိမယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။ တကယ်ပဲ Pixel Fold ကို Google က ဖန်တီးထားသလားဆိုတာကို အတည်မပြုနိုင်သေးပေမယ့် Pixel Fold ကို ဖန်တီးနေတယ်ဆိုတာကတော့ ဖြစ်နိုင်ချေများနေပြီ ဖြစ်ပါတယ်။

Exit mobile version