Google Photos ဟာ နောက်ဆုံးမှာတော့ TVs တွေ အပေါ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ကစပြီး Google Photos ဟာ ပထမဦးဆုံး အနေနဲ့ Samsung TVs တွေ အပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
Samsung ရဲ့ ပြောပြမှုအရ အသုံးပြုသူများအနေနဲ့ အတွေ့အကြုံ အသစ်ဖြစ်တဲ့ Google Photos ရှိ ဓာတ်ပုံတွေ Videos တွေကို Samsung TVs တွေ အပေါ်မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပြီး Google Photos App ဟာ သီးခြား App တစ်ခုအနေနဲ့ ပါဝင်လာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ Samsung ဟာ ၎င်း Feature ကို အမှတ်တရ ဖြစ်စေဖို့အတွက် ၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ သူတို့ရဲ့ Tizen OS-powered TVs တွေမှာ စတင်ထည့်သွင်း မိတ်ဆက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Google Photos နဲ့ ပတ်သက်တဲ့ Samsung နဲ့ Google တို့ရဲ့ သဘောတူညီချက်ဟာ ၆လ အထိ တည်ရှိနေမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Google Photos မှာ ပါဝင်တဲ့ Search နဲ့ Generative AI Image Features တွေ ဖြစ်တဲ့ Nano Banana နဲ့ Create with AI Feature ၊ AI Image Generation နဲ့ Editing Feature ၊ Google Remix နဲ့ Photo to Video Tools တွေကိုတော့ ၂၀၂၆ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်မှာ ထည့်သွင်းပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ နောက်ထပ် Feature အသစ်ကတော့ Personalized Results ဖြစ်ပြီး အသုံးပြုသူတွေရဲ့ ဓာတ်ပုံတွေ အပေါ်မူတည်ပြီး Slideshow အဖြစ် ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။
Samsung ရဲ့ ပြောပြမှုအရ Google Photos ကို TVs ထဲမှာ အသုံးပြုနိုင်ဖို့အတွက် Google Account ကို TVs ထဲမှာ Login ပြုလုပ်ထားဖို့ လိုအပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာ Google Photos ကို Samsung TVs တွေ အပေါ်မှာ စတင်မြင်တွေ့ ရတော့မှာဖြစ်ပြီး စာချုပ်ကုန်ဆုံးသွားရင်တော့ အခြားသော TVs ထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း လိုက်လုပ်ဖို့ အခုကတည်းက စီစဥ်နေကြကြောင်း သိရှိရပါတယ်။
