Google Photo ကို AI နည်းပညာသုံးထားတဲ့ Magic Editor Feature ထည့်သွင်းကာ အဆင့်မြှင့်

ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Google I/O ပွဲတွင် Google Photo အတွက် AI နည်းပညာသုံးထားတဲ့ Magic Editor Feature ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Magic Editor Feature ဟာ ပြီးခဲ့တဲ့ နှစ်က Apple မှ မိတ်ဆက်ပေးခဲ့တဲ့ iOS 16 ရဲ့ Feature နဲ့တူညီပါတယ်။ Google Photo မှာ မလိုအပ်တဲ့ ပုံတွေကို ဖျက်လို့ရတာ ကြာပြီဖြစ်ပေမယ့် တချို့ပုံတွေမှာ သဘာဝမကျပဲ ဖြစ်နေတတ်ပါတယ်။ အခုတော့ AI နည်းပညာသုံးထားတဲ့ Magic Editor Feature ကို ထည့်သွင်းပေးလိုက်တာကြောင့် အပိုအလိုမရှိတဲ့ ပုံတွေအဖြင့် Edit လုပ်နိုင်မယ့်အပြင် ရွေ့ချင်တဲ့အရာတွေကိုလည်း ရွေ့နိုင်မှာ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့အတိုင်း Magic Editor Feature ဟာ Effect မျိုးစုံထည့်သွင်းရာမှာ အစိတ်အပိုင်းတစ်ခုစီရဲ့ အလင်းအမှောင်တွေကို သဘာဝကျအောင် ချိန်ညှိပေးမှာလည်း ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက Google Photo အတွက် Magic Eraser ကို မိတ်ဆက်ပေးခဲ့တဲ့အပြင် အခု AI နည်းပညာပါဝင်တဲ့ Magic Editor ကိုပါ ထည့်သွင်းပေးလိုက်ပြီ ဖြစ်တာကြောင့် Google Photo ဟာ သုံးလို့ကောင်းတဲ့ Photo Editor တစ်ခုဖြစ်လာခဲ့ပါပြီ။

Exit mobile version