စာသားတွေကို သီချင်းအဖြစ် ပြောင်းလဲပေးမယ့် Google Music AI

Google ရဲ့ MusicML ဆိုတာ ဘာလဲ?

စာသားတွေကို Music အဖြစ် ပြောင်းလဲပေးမယ့် Google MusicML AI

AI တွေ ခေတ်စားလာပြီးနောက် IT ကုမ္ပဏီကြီးတွေက ကိုယ်ပိုင် AI တွေကို တစ်ခုပြီး တစ်ခု ဖန်တီးလာကြပါတယ်။ ယခု Google ကလည်း စာသားတွေကို အချိန်တိုအတွင်း သံစဥ်အဖြစ်သို့ ပြောင်းလဲပေးနိုင်မယ့် Google MusicML AI ကို တီထွင်လိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။

Google MusicML ဟာ စာသားတွေကို တီးလုံးအဖြစ် ပြောင်းလဲပေးနိုင်မည့်အပြင် လူ၏ လေချွန်သံကဲ့သို့ လူမှထုတ်လိုက်သည့် အသံများကိုလည်း တီးလုံးအဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ DALL-E လိုမျိုး စာသားတွေကို ပုံအဖြစ် ပြောင်းလဲပေးတဲ့ စနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Robot plays the piano (from google)

MusicML ကို စမ်းသပ်ထားမှုအရ စက္ကန့် ၉၀ အတွင်း လူသားနှင့် အပြိုင် တီးလုံးတစ်ခုကို ဖန်းတီးစေရာမှာ Google MusicML က ဖန်တီးလိုက်တဲ့ တီးလုံးဟာ လူသားမှ ဖန်တီးလိုက်တဲ့ တီးလုံးထပ် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ Google ၏ ပြောပြမှုအရ MusicML ဟာ သီချင်းပေါင်း ၅၅၀၀၀ ရှိ စာသားတွေကို သုတေသန ပြုလုပ်ကာ တီထွင်ထားတာဖြစ်ပြီး ၎င်းဟာ အခြားသော သီချင်းနှင့် ပတ်သက်တဲ့ AI တွေ ဖန်တီးသူများအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်းသိရပါတယ်။

၂၀၂၂ ခုနှစ် အလယ်လောက်က စလို့ AI တွေ တဖြည်းဖြည်း အားကောင်းလာတာ တွေ့ရပြီး ယခု ၂၀၂၃မှာ IT ကုမ္ပဏီကြီးတွေဟာ လူတွေအစား AI တွေကို ပြောင်းလဲအသုံးပြုလာသည်အထိ အဆင့်မြင့်လာတာ တွေ့ရပါတယ်။ AI တွေရဲ့ အားသာချက်ကတော့ လူသားများကဲ့သို့ ခံစားချက်မရှိပဲ အလုပ်ကို တိကျသေချာစွာ အချိန်တိုအတွင်းမှာ ပြုလုပ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ထို့ကြောင့် နောက်ပိုင်းမှာ လူတွေအစား AI တွေကို ဘယ်လောက်ထိ အသုံးပြုလာမလဲဆိုတာ စိတ်ဝင်စားစရာ တစ်ခုပဲဖြစ်ပါတယ်။

Exit mobile version