ဆေးရုံတွေမှာ စမ်းသပ် အသုံးပြုနေပြီ ဖြစ်တဲ့ Google ရဲ့ Medical AI Chatbot

ဆေးဘက်ဆိုင်ရာ အချက်အလက်များ နဲ့ ပက်သက်တဲ့ မေးခွန်းများကို ဖြေဆိုရန်အတွက် ဒီဇိုင်းထုတ်ထားသော AI Chatbot တစ်ခုဖြစ်တဲ့ Google ရဲ့ Med-PaLM 2 ကို Mayo Clinic သုတေသနဆေးရုံမှာ ဧပြီလကတည်းက စမ်းသပ်နေပြီဖြစ်ကြောင်း သတင်းများအရ သိရှိရပါတယ်။ အဆိုပါ Med-PaLM 2 က ပြီးခဲ့တဲ့ ဧပြီလမှာ ကျင်းပခဲ့တဲ့ Google I/O(2023) မှာကြေညာခဲ့သော PaLM 2(AI) ရဲ့ မူကွဲမျိုးအစားတစ်ခုဖြစ်ပါတယ်။

တစ်ချို့ဆေးရုံများမှာ စမ်းသပ် အသုံးပြုနေပြီ ဖြစ်တဲ့ Google ရဲ့ Medical AI Chatbot

Med-PaLM 2 Ai Chatbot ကို Google က ယုံကြည်ရသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ သုတေသနပြုလုပ်ထားတာဖြစ်တဲ့ အတွက် Bard၊ Bing နဲ့ ChatGPT တို့လို Chatbot များထက် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု Conversation တွေ ပိုမိုတိကျတဲ့အဖြေတွေကိုရရှိမှာ ဖြစ်တယ်လို့ Company က ပြောကြားထားပါတယ်။ အခုချိန်ထိတော့ Med-PaLM 2 ကို Google က စမ်းသပ်နေသူများကိုသာ အသုံးပြုခွင့်ပေးထားတာဖြစ်ပြီး ၎င်းတို့ရဲ့ ဒေတာကို လျှို့ဝှက်ကုဒ်များနဲ့ ခံထားမှာဖြစ်ပြီး Company ကဘဲ ထိန်းချုပ်ထားတယ်လို့ The Wall Street Journal(WSJ) ရဲ့ အစီရင်ခံစာ မှတဆင့် သိရှိရပါတယ်။ Google ရဲ့ အကြီးတန်းသုတေသနဒါရိုက်တာ Greg Corrado ကတော့ Med-PaLM 2 က အဆင်သင့် မဖြစ်သေးတဲ့ အနေအထားမှာဘဲ ရှိနေသေးတာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားရရှိအောင် ဆက်လက်သုတေသနပြုလုပ် သွားမှာဖြစ်ပြီး အဆိုပါ Med-PaLM 2 က ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု Conversation များ အတွက် ပိုမိုကောင်းမွန်တဲ့ Ai Chatbot တစ်ခုဖြစ်လာမှာ သေချာတယ်လို့ ဆိုထားပါတယ်။

Exit mobile version