Google Maps မှာ AI ပါဝါနဲ့ Features အသစ်တွေ ပါဝင်လာတော့မည်

Google Maps မှာ AI ကို စတင်အသုံးပြုတော့မှာဖြစ်ပြီး AI ကြောင့် Google Maps ရဲ့ လုပ်ဆောင်ချက်များဟာ ပိုမိုအဆင့်မြင့်လာမှာဖြစ်ကြေင်း သိရပါတယ်။

AI ပါဝါနဲ့ Google Maps Update မှာ အသုံးပြုသူများရဲ့ အနီးအနားရှိ နေရာများကို ရှာဖွေမှုတွင် ပိုမိုတိကျမှန်ကန်စွာ ရှာဖွေပေးနိုင်မယ်လို့ သိရပါတယ်။ အသုံးပြုသူတစ်ဦးက အနားက Coffee ဆိုင်တစ်ဆိုင်ကို ရှာလိုက်တာနဲ့ Coffee ဆိုင်ရဲ့ တည်နေရာတွေကို Google Maps မှာ Share လုပ်ထားတဲ့ ဓာတ်ပုံတွေနဲ့ တစ်ခါတည်းကြည့်ရှူနိုင်မှာ ဖြစ်သလို အသေးစိတ်အချက်အလက်များကိုလည်း တစ်ခုချင်းစီ ဝင်ရောက်ကြည့်ရှူနိုင်မှာဖြစ်ပြီး အရင်ကထက် ပိုမိုတိကျတဲ့ အဖြေတွေကို ထုတ်ပေးနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် သင်အားနေပေမယ့် ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲ မသိပဲ ပျင်းနေတယ်ဆိုရင် Google Maps မှာ “Things To Do” လို့ ရိုက်လိုက်ရုံနဲ့ အနီးအနားရှိ လည်ပတ်ဖို့ကောင်းတဲ့ နေရာတွေကို ဖော်ပြပေးနိုင်မယ်လို့လည်း သိရပါတယ်။ Navigation အပိုင်းမှာဆိုရင် အပြင်မှာ မြင်တွေ့နေရတဲ့ အဆောက်အဦးများနဲ့ ပိုမိုတူနိုင်ဖို့အတွက် AI နဲ့ အဆင့်မြှင့်ပေးထားသလို Highway လမ်းပေါ်ရှိ အရေးကြီးတဲ့ Signs တွေကို ပိုမိုတိကျအောင် ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

EV သမားများအတွက်လည်း အားသွင်းပေါက်နဲ့ ပတ်သက်ပြီး ပိုမိုတိကျတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်မယ်လို့ သိရပါတယ်။ အနီးအနားရှိ ဘယ်အားသွင်းပေါက်အားနေလဲ၊ အားသွင်းပေါက်အမျိုးအစား၊ အားသွင်းနှုန်း အနှေးလား၊ အမြန်လား၊ ဘယ်အချိန်က နောက်ဆုံးအသုံးပြုထားတဲ့ အားသွင်းပေါက်လဲ အစရှိတဲ့ အချက်အလက်တွေကို Google Maps Update မှာ ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Google Maps ကို Lens တွေ တက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Search with Live View ဆိုတဲ့ Features ဟာ AI နဲ့ အလုပ်လုပ်တာဖြစ်ပြီး ယာဥ်မောင်းနေရင်း ပတ်ဝန်းကျင်ကို ပိုမိုသိသာလွယ်ကူအောင် ဖော်ပြပေးမယ့် စနစ်ဖြစ်ပါတယ်။ ဥပမာ- ယာဥ်မောင်းဟာ ATMs တွေ၊ Transit Stations တွေ၊ Restaurants တွေ အစရှိတဲ့ သိသာထင်ရှားစေမယ့် အရာတွေကို မြေပုံထဲ မြင်ရမှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ Features တွေဟာ နောက်ထပ်အသစ် ထွက်ရှိမယ့် Google Maps Update မှာ ပါဝင်လာမယ့် Features တွေဖြစ်ပြီး တချို့ Features တွေကိုတော့ ကနေဒါ၊ US ၊ ပြင်သစ်၊ ဂျာမနီ အစရှိတဲ့ အနောက်နိုင်ငံတွေမှာ နောက်အပတ်ထဲတွင် စတင်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ကျန်နိုင်ငံများအားလုံးကိုလည်း အသုံးပြုနိုင်စေဖို့ ထုတ်လုပ်ပေးမှာ ဖြစ်သလို Android ရော iOS ပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

Exit mobile version