Google Maps မှာ AI နဲ့ အဆင့်မြှင့်ထားတဲ့ Lens Features ကို ထည့်သွင်းပေးလိုက်ပြီ

လွန်ခဲ့တဲ့ နှစ်များစွာတုန်းက Google Maps မှ ထုတ်ပေးခဲ့တဲ့ Live View လို့ခေါ်တဲ့ Feature ကို AI နဲ့ အဆင့်မြှင့်ကာ Lens Features အနေနဲ့ Google Maps မှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Google Maps ဟာ တစ်ကမ္ဘာလုံးရဲ့ မြေပုံအချက်အလက်များကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပြီးနောက် အခုအချိန်မှာ Satellite အပြင် AI နဲ့ပါ ပေါင်းစပ်လိုက်ပြီ ဖြစ်ပါတယ်။ Google Maps နဲ့ သွားမယ့်လမ်းကြောင်းတစ်ခုကို ရှာဖွေလိုက်မယ်ဆိုရင် ပုံထဲမှာ မြင်ရတဲ့အတိုင်း အပြင်မှာ အမှန်တကယ်ရှိနေတဲ့ လမ်းကြောင်းအတိုင်းကို Game ကစားနေသကဲ့သို့ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီ Features ဟာ Satellite နှင့် AI တို့ ပေါင်းစပ်ထားတာဖြစ်ပြီး ယာဥ်မောင်းတွေအတွက် အရမ်းကို အထောက်အကူဖြစ်စေမယ့် Feature ပဲ ဖြစ်ပါတယ်။

နောက်ထပ် Features ကတော့ Lens ပဲ ဖြစ်ပါတယ်။ Google Maps ရဲ့ Search Bar ဘေးမှာ Lens Icon လေးကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး ၎င်း Lens ကို နှိပ်လိုက်ရင်တော့ ဖုန်းရဲ့ Camera နဲ့ မိမိပတ်ဝန်းကျင်ကို ရိုက်ပြလိုက်ရုံနဲ့ ဘယ်ရောက်နေလဲဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ Features ဟာ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ Google Maps ပေါ်ရှိ ဓာတ်ပုံများကို Satellite နှင့် AI တို့ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ အပေါ်ကပုံထဲမှာ မြင်ရတဲ့အတိုင်း အနီးအနားရှိ အဆောက်အဦကို Camera နဲ့ ချိန်လိုက်ရုံနဲ့ ဘာအဆောက်အဦလဲဆိုတာကို အလိုအလျှောက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ Features (၂)မျိုးလုံးကို Austin ၊ Las Vegas ၊ Rome ၊ Sao Paulo နှင့် Taipei အစရှိတဲ့ မြို့ပေါင်း ၅၀ ကျော်မှာ စတင်အသုံးပြုနိုင်နေပြီလို့ သိရပါတယ်။ ကျန်ရှိနေတဲ့ မြို့များမှာလည်း အသုံးပြုနိုင်ရန် ချဲ့ထွင်ပေးသွားမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက်တော့ ၂၀၂၄ ခုနှစ်အလည်လောက်မှာ အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Exit mobile version