Google Map မှာ လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုပေးတဲ့ အချိန်ကိုကြည့်ပြီး Ranking တွေကွဲပြားနိုင်

ကိုယ့်လုပ်ငန်းတွေကို Google Map မှာ ထည့်ထားမယ်ဆိုရင် အခုပြောပြမယ့် အကြောင်းအရာကိုလည်း ဖတ်သင့်ပါတယ်။ ဒီနေ့ခေတ်မှာ Google Map ကိုနေ့စဉ်အသုံးမပြုတဲ့သူ မရှိသလောက် ရှားပါတယ်။ လမ်းညွှန်တစ်ခုထက်ပိုတဲ့ Google Map က လုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက ဖောက်သည်အသစ်တွေရအောင် များစွာကူညီပေးနေပါတယ်။ အရင်တုန်းကတော့ Google Map ပေါ်မှာ လုပ်ငန်းတွေအတွက် အသုံးပြုဖို့ Business App တစ်ခု ထပ်ပြီးသုံးရပေမယ့် အခုချိန်မှာတော့ Map App က တစ်ဆင့်ကိုယ့်လုပ်ငန်းတွေကို စီမံခန့်ခွဲနိုင်ပြီး သင့်လုပ်ငန်း website ကိုလည်း တစ်ပြုင်တည်း ထည့်သွင်းထားလို့ရပါတယ်။ ဒီလိုထည့်သွင်းရာမှာ ကိုယ့်လုပ်ငန်းဖွင့်ချိန်နှင့် ပိတ်ချိန်ကို သေချာထည့်ထားဖို့လိုပါတယ်။

ဥပမာ သင့်က ဘန်ကောက်မြို့မှာ coffee shop တစ်ခုဖွင့်ထားတယ်ဆိုပါစို့။ ဆိုင်ဖွင့်ချိန်ကို ၂၄ နာရီဖွင့်တယ့်ဆိုင်ဆိုပြီး ထားထားရင်တော့ လူတွေက သင့်ဆိုင်ကို အမြဲဖွင့်တယ်ထင်ပြီး လာနိုင်ပါတယ်။ ဒါကြောင့် ဆိုင်ဖွင့်ရက်နှင့် ဆိုင်ပိတ်ရက်တွေကို တိတိကျကျ ထည့်ထားဖို့လိုပါတယ်။ သင်က ဆိုင်အခုမှ အသစ်စဖွင့်ပြီး Google Map မှာ ကြော်ငြာချင်တယ်ဆိုရင်လည်း ဒေါ်လာနှင့် Boost လုပ်ပြီး ကြော်ငြာနိုင်ပါတယ်။

Google Map မှာ လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုပေးတဲ့ အချိန်ကိုကြည့်ပြီး Ranking တွေကွဲပြားနိုင် 1

မကြာသေးမီကမှ Update လုပ်လိုက်တဲ့ Google Map features တွေမှာ ​သင့်လုပ်ငန်းရဲ့ ranking ကို Map က သတ်မှတ်ပေးမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင့်ဆိုင်၊ လုပ်ငန်းက rating အရမ်းကောင်းပြီး ဖွင့်ချိန်၊ ပိတ်ချိန်တွေကို သေချာထည့်သွင်းထားရင်တော့ လူတွေ Map မှာရှာဖွေတဲ့အခါ သင့်လုပ်ငန်းကို အရင်မြင်ရမှာဖြစ်ပါတယ်။ ကိုဗစ်ကာလနောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေက ပြန်လည်ပတ်လာပြီး လူတွေကလည်း Google Map ကို အသုံးပြုမှု ပိုများလာကြပါတယ်။ မြို့တစ်မြို့မှာ သွားချင်တဲ့နေရာကအစ ရောက်နိုင်တဲ့ Bus ကားနံပါတ်တွေပါ ကြည့်လာနိုင်တာကြောင့် သင့်လုပ်ငန်းရဲ့ ဖွင့်ချိန်၊ ပိတ်ချိန်နှင့် လိုအပ်တဲ့အချက်အလက်တွေကို မှန်ကန်စွာထည့်ထားသင့်ပါတယ်။

Google Map မှာ လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုပေးတဲ့ အချိန်ကိုကြည့်ပြီး Ranking တွေကွဲပြားနိုင် 2

Map မှာ သင့်လုပ်ငန်းနှင့် ပတ်သက်တဲ့ အရာကို ရှာဖွေတဲ့အခါ သင့်လုပ်ငန်းကို အလွယ်တကူရှာတွေ့နိုင်ဖို့ ဖွင့်ချိန်၊ ပိတ်ချိန်တွေကို အခုထဲက သေချာထည့်ထားသင့်ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ AI တွေက သင့်ရဲ့ထည့်သွင်းထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး အသုံးပြုသူတွေကို recommend များစွာပေးနိုင်တာကြောင့် သင့်အတွက်လည်း ရေရှည်မှာ အကျိုးရှိနိုင်ပါတယ်။

Exit mobile version