Google Maps မှာ ခရီးစဥ်ရေးဆွဲပေးမယ့် Feature ပါဝင်လာတော့မည်

Google ဟာ မကြာမီ ထုတ်လုပ်ပေးမယ့် Search နဲ့ ပတ်သက်တဲ့ Update အသစ်မှာ အသုံးပြုသူတွေအတွက် ခရီးစဥ် ရေးဆွဲပေးခြင်းနဲ့ ခရီးနဲ့ပတ်သက်တဲ့ အကြံဉာဏ်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်မယ့် Feature ပါဝင်လာတော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။

Google ရဲ့ ပြောပြမှုအရ ၎င်း Feature ဟာ AI နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး သွားချင်တဲ့ ခရီးစဥ်နဲ့ ပတ်သက်တဲ့ အစီအစဥ်တွေကို ချမှတ်ပေးမယ့်အပြင် ဘယ်နေရာတွေကို သွားသင့်ကြောင်း၊ ဘယ် Hotel မှာ တည်းသင့်ကြောင်း၊ ဘယ်လေယာဥ် လက်မှတ် ဝယ်သင့်ကြောင်း အစရှိတဲ့ အကြံပြုချက်တွေကအစ ဖော်ပြပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ခရီးသွားတာကို ကြိုက်နှစ်သက်ပြီး အေဂျင်စီတွေမပါပဲ ကိုယ်တိုင် စွန့်စားလိုသူများအတွက် Google က ဖန်တီးပေးလိုက်တာဆိုလည်း မမှားပါဘူး။

သို့ပေမယ့် ဒီ Feature ကို ဘယ်အချိန်လောက်မှာ လူတွေလက်ထဲ ထည့်ပေးမလဲဆိုတာကို အတိအကျ မပြောခဲ့ပေမယ့် Google Maps မှာ ပါဝင်လာမယ့် Feature ဖြစ်ကြောင်းတော့ ပြောထားပါတယ်။ Google Maps ဟာ အဆောက်အဦးတွေ စားသောက်ဆိုင်တွေနဲ့ ပတ်သက်ပြီး အကြံပြုချက်ပေးနိုင်တဲ့ Feature ကို US နဲ့ ကနေဒါ တို့မှာသာ အသုံးပြုခွင့် ပေးထားတာကြောင့် ၎င်း Feature ဟာလည်း တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖို့ ကျန်ရှိနေသေးတဲ့ Featuer တစ်ခု ဖြစ်ပါတယ်။

Exit mobile version