Bard ကို Gemini အဖြစ် အမည် ပြောင်းလဲရန် စီစဥ်နေတဲ့ Google

X Social Media ပေါ်မှာ ပေါက်ကြားသွားတဲ့ စာအရ Google ဟာ Bard ကို Gemini အဖြစ် ပြောင်းလဲရန် အစီအစဥ်ရှိနေကြောင်း သိရပါတယ်။ Google ဟာ Gemini ကို ၂၀၂၃ ခုနှစ် အကုန်လောက်မှာ ချပြခဲ့ပြီး Bard AI Chatbot ထဲကို ထည့်သွင်းပေးခဲ့ပါတယ်။

X Social Media ပေါ်မှာ ပေါက်ကြားသွားတဲ့ စာအရ သိပ်မကြာတော့တဲ့ အချိန်မှာ Google ဟာ Bard AI Chatbot ကို Gemini အဖြစ် ပြောင်းလဲတော့မှာ ဖြစ်ကြောင်းနဲ့ ဖုန်းများအတွက် Gemini Application ကို ထုတ်ပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် Free မဟုတ်ပဲ လစဥ်ကြေးပေးကာ အသုံးပြုရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ Android App Developer ဖြစ်သူ Dylan Roussel ရဲ့ ပြောပြထားမှုအရ ၎င်းပြောင်းလဲမှု ဖြစ်ပွားမယ့်နေ့ဟာ ဖေဖော်ဝါရီလ (၇) ရက်နေ့ ဖြစ်ကြောင်း သိရပါတယ်။

အခုချိန်ထိတော့ Google ဘက်က တရားဝင်ထုတ်ပြန်ခြင်း တစ်စုံတစ်ရာ မရှိသေးတာကြောင့် အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ မှတ်ယူလို့ မရသေးပါဘူး။ သို့ပေမယ့် အခုလိုမျိုး သဲလွန်စ သတင်းတွေ ထွက်ရှိလာပြီ ဖြစ်သလို Google ဟာလည်း Gemini Ultra ကို ထုတ်ပေးဖို့ စီစဥ်နေတာကြောင့် ဒီသတင်းဟာ ဖြစ်နိုင်ချေများနေပါတယ်။

Exit mobile version