Google I/O မှာ Pixel Device များ အပြင် AI နဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် Update များပါ ပါဝင်လာနိုင်

မေလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီမှာ ပြုလုပ်မယ့် Google I/O မှာ Pixel Device များ အပြင် AI Update, New AI Tools များကိုပါ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်လာနိုင်တယ်လို့ သိရှိရပါတယ်။ PaLM 2 လို့ခေါ်တဲ့ New advanced large language model (LLM) ကို အကျယ်တဝင့် ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။ နောက်ပြီးတော့ Google က မတ်လ အတွင်း AI chatbot တစ်ခုဖြစ်တဲ့ Bard မှာ “generative experiences” လို့ခေါ်တဲ့ Feature အသစ်ကို မိတ်ဆက်လာနိုင်တယ်လို့လဲ သိရှိရပါတယ်။ အဆိုပါ Brad Chatbot မှာ ဂျပန် နဲ့ ကိုရီးယားဘာသာ စကားများကိုပါ အသုံးပြုလို့ ရမှာဖြစ်ပြီး လက်ရှိမှာတော့ US နဲ့ UK တို့မှာ သာအသုံးပြုလို့ ရနိုင်ပါသေးတယ်။

I/O ပွဲမှာ Google Workspace အတွက်လဲ AI Generative Tools အသစ်များကို ပါ မိတ်ဆက်မှာဖြစ်ပါတယ်။ Sheets, Slides နဲ့ Meet အစရှိတဲ့ Google Workspace တွေမှာ ပါဝင်လာမယ့် AI Generative Template နဲ့ Image များ အကြောင်းကို ဆွေးနွေးသွားမယ်လို့ လဲသိရှိရပါတယ်။ Google AI Update များ အပြင် ဘယ်အကြောင်း အရာတွေ မထင်မှတ်ထားတဲ့ ဘယ်လို Pixel Device တွေကို မိတ်ဆက်သွား မလဲဆိုတာ မေလ ၁၀ ရက်နေ့ မှာ ပြုလုပ်မယ့် Google I/O မှာစောင့်ကြည့် ရမှ‌တော့ အသေချာဘဲဖြစ်ပါတယ်။

Exit mobile version