မေလ ၁၀ ရက်နေ့ မှာ ကျင်းပမယ့် Google I/O Developer Conference မှာ ဘာတွေပါဝင်လာနိုင်မလဲ

မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် Google I/O Developer Conference(2023) မှာ တရားဝင် မကြေညာမှီ သတင်းပေါက်ကြားသွားတဲ့ Google Pixel Fold(Foldable Phone) အပြင် တခြားဘာတွေ ပါဝင်လာနိုင်မလဲ။ Google ရဲ့ CEO Sundar Pichai ရဲ့ ပြောကြားချက် အရ လာမယ့် I/O Confrance မှာ Pixel Device များနဲ့ Android Ecosystem များအကြောင်းကို သိရှိရနိုင်ပါတယ်။ Pixel Fold၊ Pixel 7a၊ Pixel Tablet နဲ့ Android 14 တို့ကို ပွဲဦးထွက်အနေနဲ့ မိတ်ဆက်လာနိုင်ပါတယ်။

ပထမဆုံး တစ်ခုကတော့ မကြေညာမှီ ကြိုတင် သတင်းထွက်ရှိထားတဲ့ Google ရဲ့ ပထမဦးဆုံး Foldable Phone ဖြစ်တဲ့ Pixel Fold ဘဲဖြစ်ပါတယ်။ 5.8 လက်မ external screen, 7.6-inch internal display ဖြစ်ပြီး 120Hz quick interactions နဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ခန့်မှန်းခြေစျေးနှုန်း ကတော့ $1,700 လောက်ကျသင့်မှာဖြင့်ပြီး Google ရဲ့ ထူးခြားတဲ့ Clear Calling လိုမျိုး AI-driven feature တွေ ပါဝင်မှာဖြစ်ပါတယ်။

နောက်တစ်ခုက တော့ Affordable Option အနေနဲ့ Google ရဲ့ Pixel 7a ကိုလဲ I/O Conference မှာ မိတ်ဆက်သွားမယ်လို့ ကောလဟာလ သတင်းတွေထွက်နေပါသေးတယ်။ Pixel 6a ရဲ့ နောက်ဆက်တွဲ ထွက်လာမယ့် Pixel 7a ကတော့ မိုပို လျှင်မြန်တဲ့ 90Hz Display, Wireless Charging အပြင် 64-Megapixel Main Camera တို့ပါဝင်လာနိုင်တယ်လို့ သိရှိရပါတယ်။ Tensor G2 chip နဲ့ 8GB RAM ပါဝင်မှာ ဖြစ်ပြီး စျေးနှုန်းကတော့ $499 ဝန်းကျင် လောက်ပေးရမယ်လို့ သိရှိရပါတယ်။

Google I/O Developer Conference

Android 14 Upgrade ကတော့ Google I/O Developer Conference ရဲ့ အရေးပါဆုံး မိတ်ဆက်မယ့် အကြောင်းအရာဖြစ်လာနိုင်ပါတယ်။ အခုချိန်ထိတော့ Android 14 Upgrade အကြောင်းကို ကြီးကြီးမားမား ထုတ်ဖော်ထားခြင်း မရှိသေးပေမယ့် Android ရဲ့ improving accessibility, app security, battery life, နဲ့ sharing feature များကို Comapny က ပိုမို အဆင့်မြှင့် လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ Android 14 မှာ ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံမှုများ ကို လာမယ့် I/O Confrance မှာ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်လာနိုင်ပါတယ်။

ဒါ့အပြင် Pixel Tablet, Pixel 8 နဲ့ အသစ်ထွက်ရှိမှာဖြစ်တဲ့ Pixel Watch စတဲ့ Device များကို မိတ်ဆက်တဲ့ အကြောင်း အရာများလဲ ပါဝင်လာနိုင်ပါတယ်။ Google က I/O Conference ပွဲတွေမှာ မထင်မှတ်ထားတာတွေကို ချပြလေ့ရှိတဲ့ အတွက် လာမယ့် I/O Conference ကိုဘဲစောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Exit mobile version