Google ဟာ Apple ရဲ့ Private Cloud Compute စနစ်လိုမျိုး အလုပ်လုပ်မယ့် Google ရဲ့ Private AI Compute ကို စတင် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
Google ရဲ့ ပြောပြမှုအရ သူတို့ရဲ့ ထုတ်ကုန်တွေမှာ ပါဝင်တဲ့ ဘာသာပြန်ခြင်း၊ အသံဖန်တီးခြင်း၊ အကျဥ်းချုပ်ခြင်းနဲ့ Chatbot Assistant တို့လိုမျိုး AI Features တွေဟာ အသုံးပြုသူများရဲ့ Device အပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်ပြီး Data တွေဟာလည်း အသုံးပြုရဲ့ Device ထဲမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ အဆင့်မြင့် AI Tools တွေ အသုံးပြုဖို့ဆိုရင် Device ထဲမှာပါဝင်တဲ့ အကျိုးအကြောင်း ဆင်ခြင်နိုင်မှုနဲ့ တွက်ချက်မှု ပါဝါဟာ လုံလောက်မှု မရှိတာကြောင့် Private AI Compute စနစ်ကို မိတ်ဆက်ရတာ ဖြစ်ကြောင်း Google က ပြောပါတယ်။ အထူးသဖြင့် ရှုပ်ထွေးတဲ့ ဖြေရှင်းမှုတွေကို အသုံးပြုသူရဲ့ Device ထဲမှာ မဖြေရှင်းစေတော့ပဲ Private AI Compute စနစ်ပေါ်မှာ ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။

Private AI Compute စနစ်ဟာ လုံခြုံရေးကို ပထမဦးစားပေး ဆောင်ရွက်ထားတဲ့ စနစ်တစ်ခုဖြစ်ပြီး အသုံးပြုသူများရဲ့ အရေးကြီး အချက်အလက်များဟာ အသုံးပြုသူ တစ်ဦးတစ်ယောက်ထဲသာ သိရှိနိုင်မှာ ဖြစ်ပြီး Google တောင်မှ သိရှိနိုင်မှာ မဟုတ်ကြောင်း Google က ပြောပါတယ်။ Private AI Compute စနစ်ကြောင့် AI ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ ပိုမိုကောင်းမွန်လာမှာ ဖြစ်လို့ ရိုးရှင်းသော တောင်းဆိုချက်များအတွက် ကိုယ်ရေးကိုယ်တာ ပိုဆန်ပြီး စိတ်ကြိုက်ပြင်ဆင်ထားတဲ့ အကြံပြုချက်များကို ပေးနိုင်စွမ်းနိုင်မှာဖြစ်ကြောင်းနဲ့ ဒါဟာ အခုမှ အစပဲ ရှိသေးတာဖြစ်ကြောင်း Google က ပြောပါတယ်။













Discussion about this post