Bard AI ကို မိတ်ဆက်ခဲ့ခြင်းကြောင့် Google ဝန်ထမ်းများက ဝေဖန်

Google CEO Sundar Pichai ဟာ ဝန်ထမ်းများရဲ့ ဝေဖန်ခြင်းခံရ

ဒီအပတ်ထဲမှာ Google CEO Sundar Pichai က ChatGPT နှင့်အပြိုင် Bard ကို မိတ်ဆက်ခဲ့ခြင်းကြောင့် Google ဝန်ထမ်းများက CEO အား ဝေဖန်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Google ရဲ့ ဝန်ထမ်းတွေဟာ Bard ကို မိတ်ဆက်ပြီး မကြာမီ Memegen လို့ ခေါ်တဲ့ နာမည်ကြီး ပြည်တွင်းဖိုရမ်မှာ CEO Sundar Pichai ရဲ့ ကြေငြာမှုဟာ အရမ်းကိုအလျှင်လိုနေကြောင်း၊ မှားယွင်းကြောင်းကို ထုတ်ဖော်ပြသတဲ့ စာတွေ၊ memes တွေကို တင်ခဲ့ကြောင်း CNBC သတင်းအရ သိရပါတယ်။ ရှင်းရှင်းပြောရရင် ChatGPT အပေါ် လူတွေစိတ်ဝင်စားမှုကို တုံ့ပြန်ချင်စိတ်များကာ CEO က အဆင်သင့်မဖြစ်သေးတဲ့ Bard ကို ချပြခဲ့တယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် Bard ကို မိတ်ဆက်မယ်ဆိုတာ မသိခဲ့တဲ့ Google ဝန်ထမ်းတွေ အများကြီးရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

Google CEO Sundar Pichai (from google)

Bard ကို စမ်းသပ်အသုံးပြုခဲ့သူများကလည်း ကျွန်တော်တို့ နေအဖွဲ့အစည်းအပြင်ဘက်ရှိ ဂြိုလ်ကို တယ်လီစကုပ်မှ ပထမဦးဆုံးရိုက်ခဲ့တဲ့ ပုံများရှာဖွေခိုင်းရာမှာ မှားယွင်းနေကြောင်း Twitter ပေါ်မှာ ချပြမှုတွေ ရှိနေတာကြောင့် Google ဝန်ထမ်းတွေ ဝေဖန်သလို Bard ကို အဆင်သင့်မဖြစ်သေးပဲ မိတ်ဆက်ခဲ့တာ ဖြစ်နိုင်ပါတယ်။

အခြားတစ်ဖက်မှာလည်း ChatGPT မှာ အစောဆုံးရင်းနှီးမြှပ်နှံခဲ့သူ Microsoft ကလည်း ChatGPT လုပ်ဆောင်မှုပါဝင်သည့် Bing Search Engine ကို ဒီအပတ်အတွင်းမှာပဲ မိတ်ဆက်ခဲ့ပါတယ်။ Microsoft က Bing ကို မိတ်ဆက်ဖို့အတွက် ရုံးချုပ်တည်ရှိရာ Washington ရှိ Redmond မြို့သို့ သတင်းထောက်များ ခေါ်ယူပြီး Bing တွင် buzzy chat နည်းပညာ ဘယ်လိုထည့်သွင်းသွားမှာ ဖြစ်ကြောင်းပြောပြကာ Bing ကို စမ်းသပ်အသုံးပြုမှုတွေ လုပ်ပြခဲ့ပါသေးတယ်။ ဒီလိုဆိုတော့ လက်ရှိအခြေအနေအရ AI နှစ်ခုရဲ့ အားပြိုင်မှုမှာ Microsoft ရဲ့ Bing က အားသာနေတယ်လို့ ပြောနိုင်ပါတယ်။ Microsoft ရဲ့ Bing ကို ဘယ်လိုသုံးရမလဲ သိချင်ရင် Myanmar End User ရဲ့ “ChatGPT ဆိုတာဘာလဲ?၊ ဘယ်လိုသုံးမလဲ?” ဆိုတဲ့ Post မှာ ကြည့်နိုင်ပါတယ်။

Exit mobile version