အသစ်ထွက်လာတော့မယ့် Google Drive မှာ ဘာတွေပြောင်းလဲလာမလဲ?

Google Drive

Google Drive Update မှာ UI ပုံစံအသစ်နည်းနည်းပြောင်းထားတယ်လို့ Google က ပြောထားပါတယ်။ အဲဒီ UI ဟာ Google Drive အပြင် Docs ၊ Sheets နှင့် Slides တို့မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Google ကတော့ ဒီ Update မှာ ပုံမှန်အတိုင်းပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ရှုပ်နေတာတွေ ရှင်းသွားမယ်၊ အဆင့်မြှင့်ထားတာ အနည်းငယ်ပါဝင်မယ်လို့ ပြောထားပါတယ်။ Google ကြေငြာထားချက်အရ File Type ဆိုတဲ့ Button တစ်ခု ပါဝင်လာမှာဖြစ်ပြီး အဲ Button ထဲမှာ ကိုယ်လိုချင်တဲ့ File Type ကို ရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ File တွေအများကြီး ရောထွေးမနေတော့ပဲ PDFs ဆိုရင် PDFs သက်သက်ပဲ မြင်ရတော့မှာ ဖြစ်ပါတယ်။

Update ကို နောက်ထပ် ၁၅ ရက်နေရင် အားလုံးရမှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် လာမယ့် မတ်လ ၂၅ ရက်မှာ အားလုံးအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ UI အသစ်ကို G Suite Basic နှင့် Business plans တွေကို သုံးနေသေးတဲ့ Users တွေပါ ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Exit mobile version