Google က AI Startup အတွက် Character.ai မှာ $300 Million ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး

နာမည်ကြီး ဇာတ်ကောင်များနဲ့ နာမည်ကျော်လူများရဲ့ အသွယ်ကိုယူထားတဲ့ AI Chatbot များနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုလို့ရတဲ့ Character.ai မှာ Google က ဒေါ်လာ သန်း 300 ရင်းနှီးမြှပ်နှံရန် ဆွေးနွေးနေကြောင်း သတင်းများ အရသိရပါတယ်။ အဆိုပါ ရင်းနှီးမြုပ်နှံမှုက Google အတွက် Large Language Models ကို ပိုမိုတိုးတက်အောင် လေ့ကျင့်ရန် ၎င်းတို့ရဲ့ Cloud services နဲ့ Tensor Processing Units (TPUs) ကိုအသုံးပြုနေတဲ့ Character.AI နဲ့ကြားက ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်လာနိုင်ပါတယ်။

Google က AI Startup အတွက် Character.ai မှာ $300 Million ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး

Character.AI ရဲ့နည်းပညာကို Google ကဘယ်လိုနေရာမျိုးမှာ အသုံးပြုဖို့အတွက် စီစဉ်ထားလဲဆိုတာကိုတော့ မသိရသေးပေမယ့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုက ၎င်းတို့ရဲ့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် AI Power Feature အသစ်များကို ထုတ်လုပ်ရန်အထောက်အကူဖြစ်စေမှာတော့ သေချာပါတယ်။ Google ရဲ့ထောက်ပံ့ကြေးသာ ရရှိပါက Character.ai ရဲ့ စုစုပေါင်းရန်ပုံငွေမှာ $5 Billion ကျော်ရှိမှာဖြစ်ပါတယ်။ Google နဲ့ Character.AI က အဆိုပါကိစ္စ အတွက် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး Google ဘက်ကထောက်ပံကြေး ပေးရန်သေချာသလောက်တော့ ရှိပါတယ်။ Character.AI အတွက် Google ရဲ့ ရင်းနှီးမြုပ်နှံမှုက ၎င်းတို့ရဲ့ AI နည်းပညာအသစ်များကို တီထွင်ဖန်တီးရာဖို့အတွက် အထောက်အကူအများကြီး ရရှိမှာဖြစ်ပါတယ်။

Exit mobile version