Google Chrome Latest Version မှာ Energy Saving Mode နဲ့ Memory Saving Mode ပါဝင်လာမည်

Google Chrome ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Chrome 110 ဟာ optimization features တွေကို အသားပေးထားတဲ့ Version လို့ပြောရပါမယ်။ ဘာလို့လဲဆိုတော့ သူ့မှာ Energy Saving Mode အပြင် Memory Saving Mode ကိုပါ ထည့်သွင်းပေးထားလို့ပဲ ဖြစ်ပါတယ်။

Web Browser မှာတော့ Chrome ရဲ့ Energy Saving Mode နဲ့ Memory Saving Mode ကို Version 108 ကတည်းက ထည့်သွင်းပေးထားတာဖြစ်ပြီး Devices တွေ အတွက်တော့ ယခု Version 110 မှာ ရရှိမှာဖြစ်ပါတယ်။ Memory Saving Mode ဆိုတာက RAM ရဲ့ လုပ်ဆောင်မှုကို နည်းအောင် ဆောင်ရွက်ပေးတဲ့ feature တစ်ခုပဲဖြစ်ပါတယ်။ သင်ဟာ Tab တွေအများကြီး ဖွင့်ထားပေမယ့် Tab တွေအားလုံးဟာ အလုပ်လုပ်နေမှာ မဟုတ်ပဲ သင်သုံးနေတဲ့ Tab ကသာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အလုပ်မလုပ်ဘူးဆိုလို့ ပိတ်သွားတာမဟုတ်ပါဘူး၊ ရပ်နေမှာပဲ ဖြစ်ပါတယ်၊ ဆိုတော့ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ပြန်သုံးလို့ ရနေမှာပါ။

​Google Chrome Latest Version
Chrome’s Memory Saving Mode and Energy Saving Mode (from google)

Energy Saving Mode ကလည်း Memory Saving Mode လိုပဲ အလုပ်လုပ်တာ ဖြစ်ပါတယ်။ သူကတော့ Battery Power ကုန်တာကို လျော့ချပေးနိုင်ပါတယ်။ Chrome ရဲ့ ပြောပြမှုအရ မလိုအပ်ပဲ အလုပ်လုပ်နေတဲ့ Website တွေကို Energy Saving Mode က လျော့ချပေးမှာ ဖြစ်လို့ သင့် Battery ကုန်ဆုံးမှုရဲ့ (၂၀) ရာနှုန်းကို သက်သာစေမယ်လို့ သိရပါတယ်။ ဒါ့အပြင် Animations နဲ့ Videos တွေကို scrolling လုပ်တဲ့အခါမှာလဲ ပိုပြီး ချောမွေ့စေမှာဖြစ်ပါတယ်။ ဒီ features (၂) မျိုးဟာ Chrome ကို Update လုပ်တာနဲ့ Auto အလုပ်လုပ်မှာဖြစ်ပြီး သင်မကြိုက်ရင်တော့ Setting ထဲမှာ ပိတ်ထားလို့ ရပါတယ်။

Exit mobile version