Google Authenticator Update မှာ လူအများတောင်းဆိုနေတဲ့ Account Syncing စနစ်ပါဝင်လာ

ယခုအသစ်ထွက်ထားတဲ့ Google Authenticator ရဲ့ Update မှာ အသုံးပြုသူအများစုတောင်းဆိုနေတာ ကြာပြီဖြစ်တဲ့ Account Syncing စနစ်ကို ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။

ဒီလိုဆိုတော့ ဖုန်းပျောက်သွားရင် စိတ်ပူစရာမလိုတော့ပဲ Google Account ကို ဖုန်းအသစ်မှာ Log In ဝင်လိုက်ယုံနဲ့ သင့်ရဲ့ Google Authenticator ကို ပြန်လည် အသုံးပြုလို့ရပြီဖြစ်လို့ IT သမားတွေအတွက်တော့ ပျော်စရာသတင်းပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို မထည့်ပေးသေးမှီက Google Authenticator ဟာ Device အပေါ်မှာပဲ အလုပ်လုပ်ပေးတာဖြစ်လို့ ဖုန်းပျောက်သွားတာနဲ့ Authenticator လည်း သုံးလို့မရတော့ပါဘူး။

Google Authenticator Changed Logo

Google Authenticator Update မှာ Account Syncing စနစ်ကို ထည့်သွင်းပေးထားသည့်အပြင် App ရဲ့ Logo ကိုလည်း ပုံထဲမှာ မြင်ရတဲ့အတိုင်း ပြောင်းလိုက်တာကို တွေ့ရပါတယ်။ အရင်ကလို စက်ဝိုင်းပုံသော့ မဟုတ်တော့ပဲ Google Logo မှာ ပါဝင်တဲ့ အရောင်တွေကို ထည့်သွင်းထားတဲ့ ခရေပွင့်လို ပုံစံမျိုးဖြစ်သွားပါပြီ။ သင့်ဖုန်းထဲက Google Authenticator ကို Update တင်ကာ Account Syncing စနစ်ကို အခုပဲရယူနိုင်ဖို့ သတင်းကောင်း ပါးလိုက်ပါတယ်။

Exit mobile version