Google I/O ပွဲတွင် စာသားမှ သီချင်းအဖြစ် ဖန်တီးပေးနိုင်တဲ့ MusicLM ကို မိတ်ဆက်

Google က ကြေငြာထားတာ ကြာပြီဖြစ်တဲ့ စာသားတွေကို သီချင်းအဖြင့် ပြောင်းလဲပေးမယ့် Google ရဲ့ MusicLM ကို Google I/O ပွဲမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Google ရဲ့ MusicLM ကို Website မှာ အသုံးပြုလို့ရမှာ ဖြစ်သလို Android နဲ့ iOS တွေကတော့ AI Test Kitchen app ကို Download လုပ်ကာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ AI Test Kitchen app မှာကတော့ နာမည်ကျော် အနုပညာရှင်များရဲ့ တေးဂီတတွေနဲ့ အသံတွေကိုယူကာ သီချင်းဖန်တီးခွင့် မပေးထားဘူးလို့ သိရပါတယ်။

AI Test Kitchen app

Google ရဲ့ MusicLM မှာ မိမိဖန်တီးလိုတဲ့ သီချင်းကို Prompt လေးရေးပြီးတော့ စိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို ဘယ်လို စတိုင်၊ ဘယ်လိုစာသား၊ ဘယ်လိုအသံမျိုးနဲ့ ဖန်တီးချင်သလဲဆိုတာကို ရေးပေးလိုက်ယုံနဲ့ AI က အရာအားလုံးပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ သီချင်းကို ဘယ်လို တူရိယာအမျိုးအစားသုံးပြီး ဖန်တီးချင်လဲကအစ လုပ်ခိုင်းလို့ရမှာဖြစ်လို့ သီချင်းဖန်တီသူများအတွက်တော့ အလွန်ပြီးပြည့်စုံလွန်းလှပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာ Copyright နဲ့ ပတ်သက်တဲ့ ပြဿနာက ရှိနေပါသေးတယ်။ MusicLM က ပြီးပြည့်စုံအောင် ဖန်တီးပေးနိုင်တယ်ဆိုပေမယ့် AI ဖြစ်နေတာရယ် တချို့ဖန်တီးပေးလိုက်တဲ့ သီချင်းတွေဟာ အနုပညာရှင်များဖန်တီးထားတဲ့ သီချင်းတွေနဲ့ တူညီနေတာမျိုးရှိတာကြောင့် မူပိုင်ခွင့်ပြဿနာတော့ ရှိနေပါသေးတယ်။ လက်ရှိမှာ အနုပညာရှင်တချို့ကတော့ MusicLM မှာ သူတို့ရဲ့ အနုပညာတွေကို ယူသုံးခွင့်ပြုထားသလို အသုံးပြုခွင့် မပေးတဲ့ အနုပညာရှင်များလည်း များစွာရှိပါတယ်။

Google MusicLM

Google ဘက်ကတော့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဖြေရှင်းမလို့ နည်းလမ်းရှာနေတယ်လို့ ပြောထားတာကြောင့် မကြာမှီမှာ အဖြေတစ်ခုတော့ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးရော Google ရဲ့ MucisLM နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတာ Comment မှာ မျှဝေပေးသွားပါအုံး။

Exit mobile version