AI နည်းပညာထည့်သွင်းထားတဲ့ Android 14 မှာ ဘာတွေထူးခြားလာမလဲ?

Google I/O ပွဲမှာ Pixel 7a နဲ့ အတူ AI နည်းပညာထည့်သွင်းထားတဲ့ Android 14 ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ Android 14 ကို Beta အနဲ့ပဲ အသုံးပြုလို့ရအုံးမှာ ဖြစ်ပါတယ်။

Android 14 မှာ AI ကို အသုံးပြုထားတာနဲ့အညီ Features တွေအများကြီးပါဝင်လာပေမယ့် ထူးထူးခြားခြား ပြောင်းလဲထားတာမျိုးမဟုတ်ပဲ ရှိပြီးသား Features တွေကို AI နဲ့ အဆင့်မြှင့်တင်တဲ့ ပုံစံမျိုးက ပိုများတာ တွေ့ရပါတယ်။ အသစ်ပါဝင်လာမယ့် Features တွေထဲက အသုံးဝင်မယ့် Features တချို့ကို ရင်ခုန်လို့ရအောင် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ပြောပြမှာကတော့ ပြီးခဲ့တဲ့ အပတ်က တင်ဆက်ပေးထားတဲ့ Passkey အကြောင်းပဲ ဖြစ်ပါတယ်။ Android 14 မှာ Passkey စနစ်ပါဝင်လာမှာဖြစ်လို့ ဖုန်းထဲက Third-Party Apps တွေကို အသုံးပြုရာမှာ လုံခြုံမှုရှိဖို့အတွက် Passkey နဲ့ Password ထည့်သွင်းတဲ့ အဆင့်ကိုကျော်လို့ရမှာ ဖြစ်ပါတယ်။ Passkey ရဲ့ အလုပ်လုပ်ပုံကို သိချင်ရင်တော့ အရင်တင်ထားတဲ့ Post မှာ လေ့လာနိုင်ပါတယ်။

ဒုတိယ အသုံးဝင်မယ့်အရာကတော့ Wallpaper ပဲ ဖြစ်ပါတယ်။ Android 14 မှာ သင့်ရဲ့ Wallpaper ကို စိတ်ကြိုက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Wallper Setting မှာရှိတဲ့ Wallpaper တွေကို ရွေးချယ်အသုံးပြုနိုင်သလို နာရီ၊ ရက်စွဲ အစရှိတဲ့ အရာတွေကိုလည်း စိတ်ကြိုက်နေရာ ရွေ့လို့ရမှာ ဖြစ်ပါတယ်။ အဲတာမှ စိတ်တိုင်းမကျသေးဘူးဆိုရင် စိတ်ကြိုက် Wallpaper ကို ဖန်တီးနိုင်အုံးမယ်လို့ သိရပါတယ်။

တတိယ အသုံးဝင်မယ့် Feature ကတော့ နားထောင်မှုနဲ့ ပတ်သတ်တဲ့ အကူအညီစနစ် ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြရရင် Bluetooth နားကြပ် သို့မဟုတ် Speaker တို့နဲ့ ဖုန်းကို ချိတ်ဆက်ထားချိန်မှာ ချိတ်ဆက်ထားတဲ့ Device တွင် ဘယ်အသံကိုပဲ ကြားအောင်လုပ်မယ်ဆိုတဲ့ Setting ကို ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။

နောက်ထပ်အသုံးဝင်မယ့်အရာကတော့ သင့်ရဲ့ Data လုံခြုံရေးအတွက် Notification စနစ် ပါဝင်လာမှာဖြစ်ပါတယ်။ တချို့ Apps တွေဟာ သင့်ရဲ့ခွင့်ပြုချက်မပါပဲ တစ်လတစ်ခါ အချက်အလက်တွေကို စုဆောင်းနေတာမျိုးရှိပါတယ်။ ဒီလိုမျိုး သင့်ရဲ့အချက်အလက်တွေကို ယူဆောင်တဲ့အချိန်မှာ ထိုစနစ်က Noti ပြပြီး သင့်ရဲ့ ခွင့်ပြုချက်ကို တောင်းခံမှာ ဖြစ်တာကြောင့် သင့်ရဲ့အချက်အလက်တွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

အခုရှင်းပြခဲ့တဲ့ Features တွေကတော့ ထူးခြားပြီး အသုံးဝင်နိုင်မယ့် Features တွေပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ Features တွေ ၊ Camera နဲ့ ပတ်တဲ့ Features တွေ အစရှိတဲ့ တခြား Features တွေလည်းပါဝင်ပေမယ့် ဒီနေရာမှာ မရှင်းပြတော့ပါဘူး။ အသေးစိတ်အချက်အလက်အားလုံးကို သိချင်ရင်တော့ အပေါ်က Youtube Video မှာ ကြည့်သွားနိုင်ပါတယ်။

Exit mobile version