Google ၏ မိခင် ကုမ္ပဏီ Alphabet မှ ဝန်ထမ်းပေါင်း (၁၂၀၀၀) ကို အလုပ်မှရပ်နား

Google က ဝန်ထမ်းများ လျော့ချ

Google ၏ မိခင် ကုမ္ပဏီ Alphabet ဟာ ၎င်း၏ ဝန်ထမ်းပေါင်း (၁၂၀၀၀) ကို ရပ်နားဖို့ လုပ်နေကြောင်း သိရပါတယ်။ Google နှင့် Alphabet ၏ CEO Sundar Pichai ကတော့ ထိုအလုပ်ရပ်နားမှုနှင့် ပတ်သက်ပြီး အပြည့်အဝ တာဝန်ယူသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါဟာ တစ်ကမ္ဘာလုံးရှိ Alphabet ဝန်ထမ်း၏ ၆ ရာခိုင်နှုန်းကို အလုပ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ CEO က သူ၏ ဝန်ထမ်းများကို ၎င်းတို့၏ ရာထူးအသီးသီးမှာ ကြိုးကြိုးစားစား လုပ်ခဲ့ပေးလို့ ကျေးဇူးတင်ကြောင်းနှင့် ဒါတွေဟာ အဖိုးမဖြတ်နိုင်တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိုဝန်ထမ်းများ၏ နောက်ထပ် အခွင့်အလမ်းများနဲ့ ပတ်သက်ပြီး ကူညီပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Google ရုံးပုံ (from Google)

ဒီသတင်း မထွက်မှီမှာတော့ UK ရှိ Google ဝန်ထမ်းပေါင်း (၅၅၀၀၀) ကျော်ရှိခဲ့ပြီး ယခုလို အလုပ်ရပ်နားခြင်းခံရပြီးနောက် ဝန်ထမ်းဘယ်လောက်ကျန်လဲဆိုတာ အတိအကျမသိရသေးပါဘူး။ CEO ၏ ပြောကြားမှုအရ US ရှိ အလုပ်ရပ်နားခြင်း ခံရတဲ့ဝန်ထမ်းများအတွက် အနည်းဆုံး ၁၆ ပတ်စာလုပ်အားခ၊ ၂၀၂၂ အတွက် bonus၊ အခပေး အားလပ်ရက်များအပြင် ၆လစာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးမယ်လို့ သိရပါတယ်။ ယခုလို အလုပ်မှရပ်နားခြင်းဟာ ကုမ္ပဏီ၏ Mission အရ ပြုလုပ်ရတာဖြစ်ပြီး ၎င်းတို့၏ ခက်ခဲတဲ့နေ့ရက်များအတွက် အကောင်းမြင်ပေးကြဖို့ CEO က တောင်းဆိုခဲ့ပါသေးတယ်။

၂၀၂၃ မှာ ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေလျော့ချနေတာကို တွေ့ရပါတယ်။ ပထမဦးဆုံး Microsoft မှ ဝန်ထမ်းပေါင်း (၁၀၀၀၀) ပြီးနောက် Amazon မှ (၁၈၀၀၀) နှင့် ယခု Google မှ (၁၂၀၀၀) တို့ကို အလုပ်မှ ရပ်နားခြင်းများ ပြုလုပ်ခဲ့ပါတယ်။

Exit mobile version