YouTube official Blog ကပြုလုပ်တဲ့ “Made On YouTube” Event မှာ Google AI video model တစ်ခုဖြစ်တဲ့ Veo ကို YouTube Shorts မှာပေါင်းစပ်ထည့်သွင်းမည်ဟုကြေညာခဲ့ပါတယ်။ Google DeepMind ရဲ့ Veo က high-quality Ai Video ကို ခြောက်စက္ကန့်ကြာဖန်တီးနိုင်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Veo ကမြင်နေကြ Ai generated video model တွေအတိုင်း Prompt ရေးလိုက်ရုံနဲ့ အရင်ဆုံး ပုံကြမ်း လေးခုကို ထုတ်ပေးမှာဖြစ်ပြီး မိမိကြိုက်တဲ့ ပုံတစ်ခုကို High-quality Ai Video တစ်ခုကိုထုတ်ပေးမှာ ဖြစ်ပါတယ်။ Shorts မှာ Veo နဲ့ဖန်တီးထားတဲ့ Ai Video များမှာ Watermark ပါရှိမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် YouTube official Blog က YouTube မှာ Vertical livestreams အတွက် Jewels နှင့် gifts feature များကိုလဲ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Jewels feature ဖြင့် Viewer များအနေနဲ့ Gift များကို livestreams ပို့လို့ရမှာဖြစ်ပါတယ်။
Discussion about this post