Google ရဲ့  AI-Powered Search Feature ဖြစ်တဲ့ SGE မှာ Skill အသစ်များ ထည့်သွင်း

Google ရဲ့ AI Power သုံး SGE (Search Generative Experience) မှာ User များအတွက် လုပ်ဆောင်ချက် အသစ်အချို့ ကိုထည့်သွင်းထားတယ်လို့ Company ကကြေညာခဲ့ပါတယ်။ ” SGE မှာ AI ပါဝါကို အသုံးပြုပြီး အကျဉ်းချုပ်များနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဖန်တီးခြင်း၊ Coding များမြှင့်တင်ခြင်း၊ ခရီးသွားခြင်းနဲ့ ထုတ်ကုန်ရှာဖွေခြင်းစတဲ့ အင်္ဂါရပ်များကို ပံ့ပိုးပေးခြင်းတို့အပြင် ရုပ်ပုံများထုတ်လုပ်ခြင်းနှင့် Drafts (မူကြမ်း)များကို ရေးသားခြင်း စတဲ့ Feature ” များကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ Company ကပြောကြားထားပါတယ်။

Google ရဲ့  AI-Powered Search Feature ဖြစ်တဲ့ SGE မှာ Skill အသစ်များ ထည့်သွင်း

Image Generation Feature အသစ်မှာတော့ Prompt ရေးတဲ့ အခါ AI ကအရင်ထက် ပိုမိုနားလည်လွယ်မှာ ဖြစ်ပြီး စိတ်တိုင်းကြတဲ့ Image များကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Draft Writing Feature ကတော့ ကျောင်းသားများ အတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပြီး စာစီစာကုံးများ၊ စာပေနဲ့ ပက်သက်တဲ့ အကြောင်း အရာများကို ရေးသားနိုင်မှာ ဖြစ်ပြီး Output ထုတ်တဲ့ အခါမှာ စာကြောင်းရေ အနည်းအများကို Customize ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။ SGE (Search Generative Experience) Google App ကို Mobile Version အနေနဲ့ Android/iOS နှစ်မျိုးလုံးမှာ ရရှိနိုင်မှာ ဖြစ်ပြီး Desktop Version ကိုတော့ အခုချိန် United States မှာဘဲ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version