Google Adsense က Publisher တွေအတွက် ကြော်ငြာခခွဲတမ်း ရာခိုင်နှုန်းကို တိုးမြှင့်ပေး

ဒီသတင်းကတော့ Publisher တွေအတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်ပြီးတော့ Google က ၎င်းတို့ရဲ့ Ads Platform ကို ပိုကောင်းတဲ့ တိုးမြှင့်ပြောင်းလဲမှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ယခင်က Google Adsense က Publisher တွေကို ကြော်ငြာခရဲ့ 68% ပေးခဲ့ပြီး Google အနေနဲ့ 32% ယူကာ အကျိုးအမြတ်ကို ခွဲပေးတာ ဖြစ်ပါတယ်။

ယခု နိုဝင်ဘာ၊ ၂၀၂၃ ခုနှစ်ကပြီးတော့ Publisher တွေအနေနဲ့ 80% ရရှိပြီး Google ဘက်က 20% အဖြစ် အကျိုးအမြတ်ခွဲဝေသွားမယ်လို့ Google Adsense ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ပြောင်းလဲချက်က Google က နှစ် ၂၀ အတွင်း Publisher တွေကို အကျိုးအမြတ်ပိုပေးလိုက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် Advertiser တွေသုံးလိုက်တဲ့ ကြော်ငြာခရဲ့ 80% အထိ Publisher တွေအနေနဲ့ ယခု နိုဝင်ဘာလ မှ စ၍ စတင်တိုးမြှင့်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ တွက်ချက်ပြရမယ်ဆိုရင် Adversiter က ကြော်ငြာအတွက် $100 သုံးမယ်ဆိုရင် Publisher တွေအနေနဲ့ $80 ရမှာဖြစ်ပြီး Google Adsense ဘက်က 20% သာ ဝန်ဆောင်ခအနေနဲ့ ယူတော့မှာ ဖြစ်ပါတယ်။ အခု ပြောင်းလဲချက်ဟာ သိသိသာသာကြီး ပြောင်းလဲနိုင်တဲ့ Monetization အရွေ့တစ်ခုဖြစ်ပါတယ်။

Exit mobile version