Google Adsense Publisher များအနေနဲ့ ၂၀၂၄ ခုနှစ်အစပိုင်းမှ စတင်၍ GDPR Message မဖြစ်မနေ ဖော်ပြရမည်

Google Adsense ကို အသုံးပြုနေတဲ့ Web Publisher တွေအနေနဲ့ မိမိတို့ရဲ့ Website တွေမှာ GDPR Message ကို ထည့်သွင်းဖော်ပြဖို့ လိုအပ်မယ်လို့ Google က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး GDPR Message ကို Website တွေမှာ ထည့်သွင်းဖော်ပြရမှာဖြစ်ပြီး GDPR Message မထည့်သွင်းထားဘူးဆိုရင်တော့ ဥရောပအဖွဲ့ဝင်နိုင်ငံများ နဲ့ အင်္ဂလန်နိုင်ငံများမှာ Ads Serving လုပ်တော့မှာ မဟုတ်ပါဘူး။ Google Adsense က Built-In ဖန်တီးပေးထားတဲ့ GDPR Message Generator ကို အသုံးပြုနိုင်သလို Google Certified Consent Management Platform ( CMP) တွေရဲ့ GDPR Message တွေကိုလည်း အသုံးပြုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

GDPR ဆိုတာ General Data Protection Regulation ကို ဆိုလိုတာဖြစ်ပြီး EU က ထုတ်ပြန်ထားတဲ့ အထွေထွေ အချက်အလက် ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းဆိုင်ရာ ဥပဒေတစ်ခုဖြစ်ပါတယ်။ အခုလို ကြေငြာချက်ဟာ Google Ads Platform အပေါ်အားလုံးသက်ရောက်မှုရှိတာကြောင့် Google Adsense, Admob နဲ့ Ad Manager အသုံးပြုသူ Publisher/Developer တွေအားလုံး လိုက်နာရမှာ ဖြစ်ပါတယ်။

Exit mobile version