Google Chrome မှာ Image Generator chatbot ကို ထည့်ပေးလိုက်ပြီ

Google ရဲ့ Search Engine ဖြစ်တဲ့ Google Chrome နဲ့ Google Image တို့မှာ Image Generator ဖြစ်တဲ့ Searchalong Chatbot ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ကြောင်း Google က ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Searchalong chatbot ဟာ Midjourney လိုမျိုး စာသားကနေ ရုပ်ပုံအဖြစ်သို့ ပြောင်းလဲပေးမယ့် chatbot AI အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Google က ပြောထားတာကတော့ Searchalong ဟာ GIFI အနေနဲ့ အလုပ်လုပ် ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ AI ကို Google search engine တစ်မျိုးမှာပဲ မဟုတ်ပဲ တခြားသော Google ရဲ့ လုပ်ငန်းသုံး App ဖြစ်တဲ့ Slides လိုနေရာမျိုးမှာပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဥပမာ Presentations တွေ လုပ်တဲ့အခါမျိုးမှာဆို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Searchalong chatbot AI in Slides

Google ဟာ ဧပြီလ ပထမအပတ်လောက်မှာ Bard AI ကို Google Search Engine ထဲထည့်ပေးပြီးနောက် အဆင့်မြှင့်တင်မှုပြုလုပ်တာ မရှိသေးပါဘူး။ အခု ထည့်သွင်းပေးလိုက်တဲ့ Searchalong ဟာ ပထဦးဆုံး အဆင့်မြှင့်တင်မှုပဲ ဖြစ်ပါတယ်။ နောက်ထပ် ကျန်ရှိနေတဲ့ Google ရဲ့ AI ကတော့ စားသားတွေကို သီချင်းအဖြင့် ပြောင်းလဲပေးမယ့် Google MusicML AI ပဲ ဖြစ်ပါတယ်။ Google MusicML AI ကို Search Engine ထဲကိုပဲ ထည့်သွင်းပေးမလား? YouTube လို Platform မှာ ထည့်သွင်းပေးမလား? Google က ဘယ်လိုမျိုး အသုံးပြုမလဲဆိုတာ စိတ်ဝင်စားစရာ တစ်ခုပဲ ဖြစ်ပါတယ်။

Exit mobile version