Google Search မှာလည်း Bard AI ကို ထည့်လိုက်ပြီ

Google ရဲ့ Bard AI ကို Google Search Engine မှာ ထည့်ပေးလိုက်ပြီ ဖြစ်ကြောင်း CEO Sundar Pichai က ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

CEO ရဲ့ ပြောပြမှုအရ အခုလို Bard AI ကို Google Search Engine မှာ ထည့်သွင်းလိုက်ခြင်းကြောင့် ပိုမိုကောင်းမွန်တဲ့ အဖြေတွေကို ရှာဖွေပေးနိုင်တော့မှာ ဖြစ်သလို Bard AI ရဲ့ အခွင့်အရေးဟာလည်း အရင်ကထပ် ပိုကောင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။ သို့ပေမယ့် လက်ရှိအချိန်ထိ Bard AI ကို US နဲ့ UK မှာသာ အသုံးပြုခွင့် ပေးထားတာကြောင့် ကျန်တဲ့နိုင်ငံတွေကတော့ Bard AI ကို စမ်းသပ်အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။

Google Search Engine

Microsoft ဟာ သူတို့ရဲ့ Bing AI ကို Microsoft Search Engine မှာ ထည့်သွင်းပြီးနောက်ပိုင်း တစ်ရက်ကို Bing AI အသုံးပြုသူပေါင်း ၁၀၀ မီလီယံအထိ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ပြီး Google ကလည်း Bard AI ကို အသုံးပြုသူများလာစေဖို့ အခုလိုမျိုး Search Engine ထဲမှာ ထည့်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Google ရဲ့ Bard AI ကတော့ Microsoft ရဲ့ Bing AI လိုမျိုး တစ်ကမ္ဘာလုံးအသုံးပြုလို့မရတာကြောင့် Bing AI လောက်တော့ လေ့ကျင့်မှု အားကောင်းအုံးမှာ မဟုတ်တာ သေချာပါတယ်။

Exit mobile version