Google ရဲ့ Bard AI က Messages တွေရဲ့ Privacy ကို ချိုးဖောက်နိုင်

မကြာသေးမီကမှ Google က update လုပ်လိုက်တဲ့ Bard AI က messages တွေရဲ့ privacy ကို ချိုးဖောက်နိုင်တယ်လို့ သိရပါတယ်။ ဒီပြသနာနှင့် ပတ်သက်ပြီး သင်က ဘယ်လို ကာကွယ်နိုင်မလဲ၊ ဘာတွေလုပ်နိုင်မလဲဆိုတာတော့ Forbes က ပြောပြသွားတဲ့ နည်းလမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Google ရဲ့ Bard AI က Messages တွေရဲ့ Privacy ကို ချိုးဖောက်နိုင် 1

ယနေ့မှာ Google က messages app ထဲမှာ Bard AI ကို ယူဆောင်လာပြီဖြစ်ပါတယ်။ အဆင်သင့်အသုံးပြုနိုင်တဲ့ ChatGPT လိုမျိုး AI ကို လူပေါင်းများစွာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ပထမဆုံး Bard က သင့်ရဲ့ messages တွေကို analyze လုပ်ပါမယ်။ Messages ထဲမှာပြောထားတဲ့အကြောင်းအရာအပေါ်မူတည်ပြီး Bard က cloud ထဲမှာ သင့်ရဲ့ Data တွေကို မှတ်ပြီး သိမ်းဆည်းထားမှာဖြစ်ပါတယ်။ ထို့အပြင် သင့်အနေနှင့် privacy feature ကို off ထားခဲ့သည့်တိုင် ၁၈လတိတိ cloud base ထဲမှာ သိမ်းဆည်းထားမှာဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Google က privacy ကို ဆက်လက်ချိုးဖောက်နေတာဖြစ်ပါတယ်။

Google ရဲ့ Bard AI က Messages တွေရဲ့ Privacy ကို ချိုးဖောက်နိုင် 2

End-to-end Encryption စနစ်နှင့် messages တွေကို google က ပို့ဆောင်နေတယ်လို့ပြောပေမယ့် Bard AI စနစ်ကြောင့် သင့်ရဲ့ messages တွေက လုံခြုံမှုမရှိနိုင်တော့ပါဘူး။ AI အသုံးပြုတဲ့ device တွေက သင့်ရဲ့ Data တွေကို နည်းလမ်းမျိုးစုံနှင့် အလွယ်တကူရယူနိုင်တယ်ဆိုတာ လူတိုင်းသတိထားဖို့လိုပါတယ်။ Privacy နှင့် ပတ်သက်ရင် အစွန်းအထင်းမခံတဲ့ company က အများသိကြတဲ့ Apple ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ AI တွေအပြိုင်အဆိုင် ပေါ်ပေါက်လာပေမယ့် Apple ကတော့ သူ့ရဲ့ AI upgrade version ကို ယနေ့အထိ မထုတ်ပြသေးပါဘူး။ မကြာခင် လပိုင်းမှာထွက်ရှိလာမယ့် iOS update version မှာတော့ privacy စည်းကမ်းနှင့်လည်း ညီညွတ်ပြီး ကောင်းမွန်တဲ့ AI ကိုလည်း ချပြမှာမို့ လူတော်တော်များများက စိတ်ဝင်စားနေပါတယ်။

Exit mobile version