အင်တာနက်ဆိုသည်နှင့် Google ကိုပဲ လူအများစုသိကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ထားရခြင်းနောက်ကွယ်မှာ Google က မိုနိုပိုလီကစားကွက်အတိုင်း အင်တာနက်တစ်ခွင်မှာ လက်ဝါးကြီးအုပ်ထားပါတယ်။ အင်တာနက်ကို လက်ဝါးကြီးအုပ်နိုင်အောင် Samsaung, Apple နှင့်အခြား phone companies တွေမှာ ပိုက်ဆံမြောက်များစွာပေးပြီး Browser မှာ default ဖြစ်နေအောင် လာဘ်ထိုးထားတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နှင့် ပတ်သက်ပြီး Google ကို တာဝန်ရှိသူတွေက တရားရုံခွင်တင်ပြီး တရားစွဲထားပါတယ်။ ကံဆိုးစွာနှင့်ပဲ ဒီအမှုမှာ Google က ရှုံးနိမ့်နေပါတယ်။
Search Market မှာဆိုရင်လည်း Google က သူ့ရဲ့ပြိုင်ဖက်အသေးလေးတွေကိုလည်း အနိုင်ကျင့်သလိုမျိုး ခေါင်းမထောင်နိုင်အောင် Device တိုင်းရဲ့ browsers တွေမှာ Google ပဲ ဖြစ်နေအောင် ပိုက်ဆံတွေအများကြီးအကုန်ကျခံပြီး ပေးထားပါတယ်။ Search ads တွေအတွက်လည်း Google က ပေးချေရမယ့်ငွေက ကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့်ရှိတယ်လို့ အမေရိကန်တရားသူကြီး Amit P.Mehta က သုံးသပ်ထားပါတယ်။ ဒီအမှုမှာ Google က ရှုံးနိမ့်သွားပေမယ့် ပြန်လည်လျှောက်တင်ချက်အနေနှင့် ယခုလိုဖြစ်ရခြင်းအကြောင်းရင်းက Google ရဲ့ အရည်အသွေးကောင်းမွန်မှုကြောင့် အသုံးပြုသူတွေက အခြား search engine ကို အသုံးမပြုတာလို့လည်း ပြန်လည်ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ယခုလိုအဖြစ်အပျက်မျိုး Apple မှာလည်း ကြုံတွေ့ခဲ့ရပြီး Apple က အသုံးပြုသူတွေကို iPhone ပဲ ဝယ်အောင်တမင်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ လူအမျိုးမျိုးက ယခုလိုအဖြစ်အပျက်တွေနှင့် ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးပေးကြပါတယ်။
စီရင်ချက်ချပြီးတဲ့အခါမှာတော့ Google အနေနှင့် Search Engine ကို ထပ်ပြီးကြီးစိုးနိုင်မလား၊ အခြားပြိုင်ဖက်တွေက Google လိုမျိုး သာလွန်နေအောင် ပြုလုပ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ထို့အပြင် Privacy rules တွေနှင့် အခြား rules တွေကိုလည်း လိုက်နာရမှာ ဖြစ်တာကြောင့် အသုံးပြုသူတွေအနေနှင့် ပိုခက်ခဲနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်နည်းလမ်းတစ်ခုက Google က ပြိုက်ဖက်အသေးလေး company တစ်ခုကို ဝယ်ယူပြီး ကိုယ်ပွားအနေနှင့် ပြန်လာနိုင်မလား စသဖြင့် နည်းလမ်းပေါင်းစုံလည်း ရှိနေပါတယ်။
Discussion about this post