Google နဲ့ Universal Music Group တို့ ပူးပေါင်းကာ “deepfake” သီချင်းများကို လိုင်စင်ထုတ်ပေးရန်ဆွေးနွေးတိုင်ပင်

လက်တလော ကြားသိရတဲ့ သတင်းများ အရ Google နဲ့ Universal Music Group တို့သည် အနုပညာရှင်များရဲ့ အသံများထည့်ကာ Artificial Intelligence (AI) နဲ့ ဖန်တီးထားတဲ့ “deepfake” သီချင်းများကို လိုင်စင်ထုတ်ပေးရန်ဆွေးနွေးတိုင်ပင်နေတယ်လို့ သိရှိရပါတယ်။ အခုချိန်တော့ လိုင်စင်ထုတ်ပေးရန်ဆွေးနွေးတိုင်ပင်မှုဟာ အစောပိုင်းအဆင့် သဘောတူညီ ချက်သာရှိပါသေးတယ်။

Google နဲ့ Universal Music Group တို့ ပူးပေါင်းကာ “deepfake” သီချင်းများကို လိုင်စင်ထုတ်ပေးရန်ဆွေးနွေးတိုင်ပင်

Deepfake Songs ဆိုတာက မူရင်းအနုပညာရှင်များရဲ့ အသံများ၊ စာသားများနဲ့ သီချင်းများကို တုပပြီး Artificial Intelligence (AI) နဲ့ သီချင်းများ ဖန်တီးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ Deepfake Song များက မူရင်းအနုပညာရှင်းများရဲ့ ခွင့်ပြုချက်ရှိမှသာ ပြုလုပ်လို့ရတာ ဖြစ်ပြီး အချို့ Deepfake Song များက အနုပညာရှင်များရဲ့ ခွင့်ပြုချက်မပါရှိဘဲ ဖန်တီးနေတာဖြစ်ပါတယ်။ Google နှင့် Universal Music တို့ကြား သဘောတူညီချက်အရ အနုပညာရှင်များ၏ သဘောတူညီချက်ရရှိထားသော ကုမ္ပဏီများက Deepfake Song ကို တရားဝင်လိုင်စင်တင်ပြီး ထုတ်လုပ်ဖြန့်ချီလို့ရမှာဖြစ်ပါတယ်။ အဆိုပါ သဘောတူညီမှုကို ပြုလုပ်ရချင်းရဲ့ ရည်ရွယ်ချက်က တရားမဝင် Deepfake Song များကနေ အနုပညာရှင်များရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်သလို ကုမ္ပဏီတွေကိုလည်း နည်းပညာကနေ အကျိုးအမြတ်ရစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

Google နဲ့ Universal Music Group တို့ကြားက သဘောတူညီချက်ကြောင့် ဂီတလောက အပေါ်သက်ရောက်မှုကြီးကြီးမားမား ရှိလာမယ်ဆိုတာက အသေချာပါဘဲ။ အဆိုပါ သဘောတူညီမှုသာ အောင်မြင်သွားပါက Artificial Intelligence (AI) ကိုအသုံးပြုတဲ့ ကုမ္ပဏီများဟာ ဂီတလောက စျေးကွက်ထဲသို့ ဝင်ရောက်လာပြီး ၎င်းတို့ ဖန်တီးထားတဲ့ Deepfake Song များက ဂီတလောကမှာ နေရာတစ်နေရာ ရရှိလာတော့မှာဖြစ်ပါတယ်။

Exit mobile version