Google က Workspace မှာ နောက်ထပ် AI Video Editing Tool တစ်ခုကို မိတ်ဆက်

Google Vids

Google က Workspace မှာ ရိုးရှင်းပြီး လွယ်လွယ်ကူကူနဲ့ Video များ ဖန်တီးနိုင်ရန် AI Video Editing Tool တစ်ခုကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Google Vids လို့အမည်ပေးထားပြီး အဓိကအားဖြင့် လုပ်ငန်းခွင်အတွက် အသုံးပြုမယ့် Video များကို AI Power နဲ့ဖန်တီးပေးပေးတဲ့ App တစ်ခုဖြစ်ပါတယ်။

Google က Workspace မှာ နောက်ထပ် AI Video Editing Tool တစ်ခုကို မိတ်ဆက်

Google Vids ကို အသုံးပြုပုံက AI tool တွေလိုဘဲ ရိုးရှင်း လွယ်ကူပါတယ်။ မိမိ အလုပ်အတွက် ဖန်တီးချင်တဲ့ Outline content တစ်ခုကို Vids မှာ Prompt ရေးပြီး Project အတွက်လိုအပ်တဲ့ Informative Text များ အသေးစိတ်ပြုလုပ်ထားတဲ့ Google DOC file တစ်ခုကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Vids က မိမိ ရေးသားထားတဲ့ Outline Content ပေါ်မူတည်ပြီး Content များကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Vids ပေးထားတဲ့ Content Title များကို မကြိုက်ပါက Edit လုပ်လို့ရမှာ ဖြစ်ပါတယ်။ Google Vids ပေးထားတဲ့ Outline Content ထဲကမှ ကြိုက်တဲ့ တစ်ခုကို ယူပြီး Video Template ရွေးပေးလိုက်ရုံပါဘဲ။ ရွေးချယ်ထားတဲ့ Outline Content ပေါ်မူတည်ပြီး Vids က Video တစ်ခုဖန်တီးပေးမှာ ဖြစ်ပါတယ်။ Vids ဖန်တီးထားတဲ့ Video ကိုလဲ စိတ်ကြိုက်ပြန်လည်ပြင်ဆင်လို့ ရမှာဖြစ်ပါတယ်။ Google Vids ကိုကြေညာချက်တစ်ခု အနေနဲ့ဘဲမိတ်ဆက်ထားတာ ဖြစ်လို့ လောလောဆယ်တော့ လူတိုင်း အသုံးပြုလို့ မရသေးကြောင်း သိရပါတယ်။

Exit mobile version