Gmail ဟာ လုံခြုံရေးအတွက် Blue Checkmarks ကို အဆင့်မြှင့်

Gmail ဟာ လုံခြုံရေးမြှင့်တင်ဖို့အတွက် Blue Checkmarks ကို အဆင့်မြှင့်လိုက်ပြီဖြစ်ကြောင်း Google က ထုတ်ပြန်ခဲ့ပါတယ်။

Blue Checkmarks ကို အဆင့်မြှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အသုံးပြုသူများရဲ့ ယုံကြည်ချက်ကို တိုးမြှင့်ပေးဖို့နဲ့ မသမာသူများရဲ့ ရန်မှကာကွယ်ဖို့ ဖြစ်ကြောင်း သိရပါတယ်။ Gmail ရဲ့ Blue Checkmarks လို့ခေါ်တဲ့ Brand Indicators for Message Identification Security System ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီ Logo ဘေးမှာ အပြာရောင်နဲ့ အမှန်ခြစ်လေးကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Blue Checkmark in Gmail

အခုတော့ အဲဒီအပြာရောင်အမှန်ခြစ်လေးကို ထောက်ကြည့်လိုက်ရင် ပုံမှာမြင်ရတဲ့အတိုင်း ဘယ်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ E-mail မှာ Logo တူထည့်၊ နာမည်တူပေးထားကာ Scam လုပ်နေတဲ့ လူတွေရဲ့ အန္တာရယ်မှ ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုကစလို့ E-mail ဟာ မှန်လား၊ မမှန်လား ဆိုတာသိရဖို့ Blue Checkmarks ကို ထောက်ကြည့်တာနဲ့ သိနိုင်ပြီဖြစ်ပါတယ်။

Exit mobile version